အခန်း၁၂(U+Z)

5.5K 215 9
                                    


အပြာရောင် ယူနီဖောင်းလေးနဲ့ ဆံထုံးပုံ့ပုံ့လေးထုံးထားသော ဆရာမလေးတစ်ဦး။ ခန္ဓာကိုယ်ကောက်ကြောင်းလေးက ထင်းလျက် ဘယ်လို
ကြည့်ကြည့် လှပါသည်။ဘေးနားမှာ ဆရာမတစ်ယောက်နဲ့စကားပြောပြီး ဒီဘက်ကိုလှည့်၍ ရယ်လိုက်ပုံလေးကအစ သူမလေးပါ။ သူမရဲ့မျက်နှာလေးကိုကြည့်၍ ဘုန်းမင်းသွေး ရင်ထဲမှာတဆစ်ဆစ်နာလာ၏။နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ်ကတော့ အလဲလဲအပြိုပြိုနဲ့ မေ့မရဘဲ အခုချိန်ထိရင်ထဲမှာ သိမ်းထားမိတုန်း။သူမကတော့ အေးအေးချမ်းချမ်းဖြတ်သန်းနေပုံပေါ်သည်။

သူ သက်ပြင်းချကာ ကားစတီယာရင်ကို ကိုင်၍
ငေးငိုင်နေမိသည်။ဖြစ်ခဲ့တဲ့ကိစ္စတွေပြောပြီး၊
အသစ်က ပြန်စဖို့ပြောလျှင် ဖြစ်နိုင်ပါ့အုံးမလား။
သူမမှာသာ ဟိုကောင်တွေပြောတဲ့သက်ဆိုင်သူရှိနေလျှင် သူ အသည်းနှစ်ခါကွဲဖို့ကသေချာသလောက်ရှိပြီမို့ ခံနိုင်ရည်ရှိမယ်မထင်ပါ။ နောက်ဆုံး သူ ကားကိုဦးပြန်လှည့်၍ နေရာမှမောင်းထွက်ခဲ့သည်။

ဘီယာတွေ တစ်ခွက်ပြီးတစ်ခွက်မော့သောက်ရုံ
အားမရလို့ ဝီစကီပုလင်းပါဖောက်ပြီး သူသောက်နေမိသည်။ အရက်သောက်လေ့သောက်ထ မရှိတဲ့သူ့အတွက် ပုလင်းတစ်ဝက်ကျိုးတာနဲ့ လူလည်း
သိပ်မဟန်တော့ပေ။မျက်နှာမှာ ကြေကွဲရိပ်တွေကတော့ အပြည့်။ဘာမှကို ရင်မဖွင့်တော့ သူငယ်ချင်းတွေကလည်း ဘာဖြစ်တယ်ဆိုတာ
မသိပေ။ပထမနေ့က ပြောပြထားတဲ့ကိစ္စကြောင့်ပဲလားဟု ထင်မိပေမဲ့ မမေးဖြစ်ကြ။

''အကြောင်းထူးလို့ မူးတာလား၊ဒါမှမဟုတ်
သောက်ချင်လို့သောက်နေတာလား....''

''ဟွန်း....မမေးနဲ့တော့၊ ငါဆိုတဲ့ကောင်က
အရာအာလုံး အရှုံးနဲ့ရင်ဆိုင်ရတာ...ငါ့အတွက်က
  ဘာမှကိုမရှိဘူး...အေ့...တကယ်က''

''သောက်စမ်းပါကွာ...အဲ့ဒါတွေပြန်ပြောပြီးဘာလုပ်မှာလဲ၊ တကယ်ပဲ နွေအာရုံက ယောကျာ်းရသွားတာလား၊မင်းတွေ့ခဲ့တာလား...ရောက်ကတည်းက ဘာမှမပြောဘဲစွတ်သောက်နေတော့ ငါတို့လည်းတွေးရခက်တယ်''

''မူးနေတဲ့လူကို သွားမေးမနေနဲ့တော့...မင်းကလည်း''

''ဒီကောင် ခံစားနေရတာကို တွေ့လို့သိချင်တာပါ''

နွေးထွေးသောနွေဦးလေး(Completed)Where stories live. Discover now