ကျောင်းပိတ်ရက်လက်ကျန်လေးမှာ နွေအာရုံသည်
ဘယ်မှသွားမလည်ဖြစ်တော့ဘဲ မိဘတွေနဲ့သာအချိန်ကုန်ခဲ့သည်။ဘုန်းမင်းသွေး ပြောသွားသောစကားတွေကိုတော့ နေ့တိုင်းမေ့၍မရခဲ့ပါ။ ကိုယ့်အရွယ်လေးနဲ့ ဒါတွေစိတ်ဝင်စားနေသလို တွေးမိနေမှန်း သိတော့ မေမေသိလျှင် ခေါင်းခေါက်ခံရမှာမလွဲဟု သတိချပ်ရင်း ခေါင်းထဲကထုတ်ဖို့ကြိုးစားရသည်။ ထိုစကားတှေ၏အဓိပ်ပါယျကို သေချာစစ်စစ်ပေါက်ပေါက်တွေးမိတာနဲ့ ရင်ထဲမှာ တစ်မျိုးတစ်မည်မို့ နေရတာလည်းမကောင်းပေ။
တော်တော်စိတ်ဒုက္ခပေးတဲ့ ဘုန်းမင်းသွေးဟု
ကျိန်ဆဲမိသည့်အထိ.....''အို...ရှုပ်ရှုပ်ယှက်ယှက်နဲ့ ကျွန်မသမီးကို
ဘာလို့ ဒေါက်တာသက်နိုင်ရဲ့ကားနဲ့လိုက်စီးရမှာလဲ...သဘောမတူဘူး...အစ်ကို''ကျစ်!...ပြီးပြီးသားကိစ္စတွေကိုပြန်တွေးပြီး
မင်းအခဲမကျေဖြစ်မနေပါနဲ့၊ မောင်နိုင်က
လူကောင်းပါ''''ဒါကတော့ အစ်ကိုရဲ့အမြင်လေ''
''တော်တော်...မင်းစကားတွေကို ရှေ့မဆက်နဲ့၊
လူတိုင်းဖြစ်ချင်လို့ဖြစ်ကြတာမဟုတ်ဘူး...
ဖြစ်ချိန်တန်လို့ဖြစ်ရတာချည်း...''ဘာပြသာနာမှန်းမသိသော်လည်း ဒေါက်တာသက်နိုင်နဲ့ဆက်စပ်နေမှန်း သူမ ရိပ်မိလိုက်သည်။ပြသာနာရှိလို့ မေမေဘက်က ကိုကြီးအပေါ်ကိုမကြည်တာမှန်း သူမသိလိုက်ရသည်။
'' ဟင်... သမီး ကျောင်းမသွားသေးဘူးလား''
''ဟို....အခုသွားတော့မှာ မေမေ''
နွေအာရုံ ထမင်းချိုင့်အိတ်လေး ချက်ချင်းကောက်ကိုင်၍ ဘာမှမကြားလိုက်သလိုဟန်ဆောင်လိုက်သည်။
''ညနေ အိမ်တန်းတန်းမက်မက်ပြန်လာနော်၊ စက်ဘီးလျှောက်မစီးရဘူးနော် သမီး''
''ဟုတ်...''
ဒေါ်မျိုးသန္တာ သမီးဖြစ်သူကို လှမ်းကြည့်၍
မှာစရာရှိတာမှာနေတော့သည်။''သမီးရှေ့မှာ မင်းစကားတွေကိုဆင်ခြင်ပြောပါ
မျိုး....ပြသာနာတစ်ခုကိုသေချာမသိသေးဘဲတဖက်လူကို စွပ်စွဲပြောဆိုတာလည်းပြင်လို့ တစ်ခါတည်းမှာချင်တယ်။မင်းတို့တစ်မျိုးလုံး
မောင်နိုင့်အပေါ် ဘယ်လိုအမြင်စောင်းပါစေ
ငါ့အတွက်ကတော့ တပည့်ကောင်းပဲ''