''အန်တီပိုးရေ....ကျွန်တော်ပြောတာကြားလား''''လာပါပြီဟယ်၊ တကယ်တည်း...ဒါနဲ့ တီချယ်ဆိုတာ ရိုးရိုးမှဟုတ်ရဲ့လား...''
''တကယ်ပေါ့ဗျ....မဟုတ်ရင် အန်တီပိုးကို အဖော်ခေါ်ပါ့မလား...ကျွန်တော့်ဘာသာသွားပြီတာကြာပေါ့''
''ငနာလေး....ဒါမျိုးဆို ရုပ်က....''
တူတော်မောင် လင်းထက်အောင်၏ ပခုံးကြီးကို
ဖြောင်းခနဲရိုက်၍ ပိုးပိုးက မျက်လုံးပိတ်အောင်ရယ်သည်။ သူ့တီချယ်အိမ်က ရေပိုက်ပျက်တာကိုသွားပြင်ပေးမလို့တဲ့။ ရိုးရိုးသွားတာမဟုတ်၊ အန်တီအဖော်လိုက်ခဲ့ပါတဲ့။ သူ့တီချယ်ဘက်က တစ်ယောက်တည်းမလာနဲ့လို့ မှာလိုက်လို့ဆိုပြီး
ဂျီတိုက်နေတဲ့ကောင်လေး။
ဘယ်လောက် အမြင်ကပ်ဖို့ကောင်းလိုက်တဲ့တူတော်မောင်လဲ။ သူ မျက်နှာလုပ်ချင်တာများ၊
ကြားထဲက အဒေါ်က ငြိမ်ငြိမ်မနေရပါ။''လာစမ်းပါ...နောက်ရက် အန်တီပိုး မြို့ပြန်ရင်
သားမှာတစ်ယောက်တည်းဖြစ်တော့မှာ...''''အေး...စောစောပြန်မှာ၊ နင့်ဒဏ်ကိုကြောက်လွန်းလို့''
''ဟားဟား...''
တူအရီးနှစ်ယောက် ပြောပြောဆိုဆိုနဲ့ ဆိုင်ကယ်နဲ့ထွက်ခဲ့သည်။ ပိုက်ပြင်ကုလားခေါ်ဖို့ပြောတော့လည်း သူကိုယ်တိုင်လုပ်တက်လို့အာမခံပြီးပြီတဲ့။
''နေပါအုံး....နင့်တီချယ်က အသက်ကြီးကြီးလား၊
တော်ကြာ ငါပါလာလို့ကြိုက်ပါ့မလား''''ဘယ်ကသာ...တီချယ်က အန်တီပိုးတို့လောက်ပဲ၊
ငယ်ငယ်လေးရှိသေးတာ...အရမ်းလှတာ၊ ရုပ်လေးကလည်းချော သဘောကလည်းကောင်း...မန္တလေးက ပြောင်းလာတာတဲ့''''ဟုတ်လို့လား...ငါ့လောက်ချောလို့လား...''
''အန်တီပိုးကတော့ ကမ္ဘာမှာ အလှဆုံးလေ...''
''ငါမသိရင်ခက်မယ်....နင်နော် ''
''လာပါ...အပေါ်တက်ရအောင်၊ တီချယ်မျှော်နေမှာဗျ''
''အေးပါဟယ်....''
တိုက်၏ သုံးလွှာမြှောက်ကို တက်လိုက်ရသည်။
ပိုးပိုးတစ်ယောက် တူတော်မောင်ကို ချစ်လွန်းလို့သာ လိုက်လျောတာ၊ မသိဘဲလိုက်လာရတာကို
စိတ်ထဲတော့သိပ်မကြည်ပေ။