အခန်း၂၀(U+Z)

8.8K 256 7
                                    


ဦးသီဟကလည်း စိတ်ပြတ်သားသည်။နွေအာရုံလာတာကို သိပေမဲ့ ဆင်းလည်းမတွေ့သလို၊စကားလည်းမပြောပေ။ ကြားထဲက ဒေါ်လင်းလင်းတစ်ယောက် ကလေးကိုသာ သနားမိသည်။ခင်ပွန်းနှင့်မိဘကြား ဘယ်လောက်တောင်ဗျာများနေလိုက်မလဲ။မိခင်ဖြစ်သူကလည်း မကျန်းမာ။

''သမီးက အပြင်မှာတည်းနေတော့ သမီးယောကျာ်းစားရေးသောက်ရေးကအစ ခက်မှာပေါ့။အိမ်အောက်ထပ်မှာအကျယ်ကြီးပါကွယ်။လင်မယားနှစ်ယောက်နေကြပေါ့...မဟုတ်ဘူးလား''

''မဖြစ်ပါဘူး အန်တီလင်းရယ်။ ရုံ လာတာတောင်
ဖေကြီးက မကြည်ဖြူတာ။မောင့်ကိုခေါ်ရင်
ပိုဆိုးမယ်...မောင်လည်း နေတာ စိတ်ကျဥ်းကြပ်မယ်''

''သမီးဖေကြီးကတော့ သိတဲ့အတိုင်းပဲလေ....
သူက လူကြီးဖြစ်ပြီးမစာနာတာ အမှန်ဆိုသမီးလေးကိုးနှစ်လုံးလုံး ခံစားခဲ့ရတာကိုလည်းသိသိရက်နဲ့ ထပ်ပြီးရက်စက်တာ...ထားလိုက်ပါတော့ ပြောနေလည်း ဘာမှထူးမှာမဟုတ်ဘူး။ ဒါပေမဲ့ အန်တီလင်းက သမီးကို ဒီလာနေစေချင်တာ''

''ဟုတ်...ရုံ မနက်စောစောမှလာခဲ့မယ်နော်။ မောင်ရောက်နေပြီပြောလို့ ပြန်တော့မယ်''

''အေးအေး....ဒါလေးယူသွား သမီး။ ညကြရင်
စားရအောင်''

''သြော်..အန်တီလင်းကလည်း တကူးတက''

ထမင်းချိုင့် ကမ်းပေးနေတာမို့ နွေအာရုံ အားနာနာနဲ့ယူလာရသည်။ မယူပြန်လျှင်လည်း စိတ်ကောင်းမည်မထင်။

ခပ်လှမ်းလှမ်းမှာ ကားရပ်ထားတာကိုတွေ့လို့
နွေအာရုံ လက်လှမ်းပြလိုက်သည်။ယောက္ခမအိမ်က အသိအမှတ်မပြုလို့ အိမ်ထဲမလိုက်သည့်မောင့်ကို စိတ်ထဲမှာအားနာမိတာအကြိမ်ကြိမ်။

''ချိုင့်နဲ့ဘာတွေသယ်လာတာလဲ''

ကားထဲဝင်ထိုင်လိုက်တယ်ဆို မောင်က ချိုင့်ကို
မျက်စပစ်၍မေးသည်။ ကိုယ်ကသာစိတ်မကောင်းနေတာ မောင်က အပြုံးမပျက်ဘဲရှိနေတာမို့၊
ရင်ထဲမှာ သက်ပြင်းချလိုက်သည်။

''အန်တီလင်းက မောင့်အတွက်ထည့်ပေးလိုက်တာ၊
ပြီးတော့မောင့်ကို လိုက်မလာဘဲ နေခဲ့လို့ပြောနေတယ်''

နွေးထွေးသောနွေဦးလေး(Completed)Where stories live. Discover now