တရုတ်စကားပန်းပွင့်လေးပန်ထားပြီး အဖြူအစိမ်းဝတ်စုံလေးနဲ့ သွားဖြူဖြူတန်းတန်းလေးတွေပေါ်အောင်ပြုံးနေသည့် နွေအာရုံဆိုတဲ့ကောင်မလေးကို တစိမ့်စိမ့်ကြည့်ရင်း ငေးနေမိသည်။ မနှစ်က ဒီလိုအချိန်မှာ ရည်းစားစကားပြောခဲ့ပြီး အခုတော့တရားဝင်ချစ်သူတွေဖြစ်နေကြတာ တိတ်တိတ်လေးပေါ့။ ကိုးတန်းအောင်၍ နှစ်ယောက်လုံး
အထက်တန်း ကျောင်းသားကျောင်းသူတွေဖြစ်သည်။''ဘုန်းမင်းသွေး....''
နွေအာရုံ ခေါ်လိုက်တော့ သူက မျက်ခုံးပင့်ကြည့်လိုက်သည်။ စိတ်ကူးနဲ့ ပြုံးနေရတဲ့နှုတ်ခမ်းတွေကတော့တင်းတင်းစေ့၍မရပေ။
''မနှစ်တုန်းက ရန်ဖြစ်တဲ့ကိစ္စက ရုံနဲ့ပတ်သတ်ပြီးဆို အဲ့ဒါအမှန်လား...''
''ပြီးပြီးသားတွေပြန်ပြောပြီး ဘာလုပ်မလဲ...
အရေးမကြီးဘူး''နွေအာရုံ မျက်ခုံးတန်းလေးတွေတွန့်ကုတ်၍
ကြည့်ပြီး ဘုန်းမင်းသွေးကို အကဲခက်နေလိုက်သည်။ ရန်ဖြစ်ရတဲ့ကိစ္စကို ဒီနေ့မှအကြောင်းစုံသိရပြီး ဘုန်းမင်းသွေး၏ စိတ်ကိုလည်း သဘောပေါက်သွား၏။ ကိုယ့်အတွက်နဲ့ဒီလောက်အထိ ဖြစ်လိမ့်မည်ဟုမထင်ခဲ့ပါ။''ကိုယ်တောင်မေ့နေမှ ပြန်ပြောပြီးဘာလုပ်မလဲလို့ပြောတာ ''
စိတ်ကောက်မည်ဆိုးကာ စကားဖြင့်ဖျန်ဖြေသည်။
''ဘာလုပ်ရမှာလဲ....ရုံ့အတွက်နဲ့ သူများကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တာလေ၊ အဲ့ဒီလိုတွေမလုပ်ပါနဲ့''
''အခုမလုပ်တော့ဘူးလေ၊ စာကြိုးစားတယ်..
မင်းနဲ့ စကားပြောတယ်...မင်းကလွဲပြီး ဘယ်သူ့
ကိုမှစိတ်မဝင်စားဘူး''''နောက်ကို ရန်မဖြစ်နဲ့နော်...ကတိပေး''
''အဲ့ဒါတော့ ကတိမပေးနိုင်ဘူး''
''ဟင်....ဘာလို့လဲ ''
ဘုန်းမင်းသွေး ဘာမှပြန်မပြောသေးဘဲ သူမ၏
ပုံစံလေးကိုကြည့်၍ စိတ်ထဲမှာ သဝန်တိုမိသည်။
မနှစ်ကထက် အများကြီးလှလာတဲ့ နွေအာရုံက
ပိုပိုပြီးချစ်ဖို့ကောင်း၏။ဘာမှ မပြင်ဆင်ဘဲ
အိမ်နေရင်းပုံစံလေးအတိုင်းတောင် ချစ်မွှေးလေးဖြစ်၏။