Unicode...
စည်းတစ်ဖက်ကမ်းလွန်သော်
အပိုင်း - ၁
" သား ဒါက သားရဲ့ မာမီအသစ်...
ဒေါ်ပုလဲ ဒါကသားရဲ့ညီမလေးအသစ်
မိုးပုလဲခတဲ့..."ထိုကောင်လေး ပြုံးကာ နှုတ်ဆက်သည်...
" ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် ဗျ..."
ဦးလွင်သစ်သည်ပြုံးကသားဖြစ်သူကိုမိတ်ဆက်ပေးလေသည်...
" ပုလဲ ဒါက ကို့ရဲ့သား လှိုင်းသွင်သစ် သမီးဒါက
သမီးရဲ့ ကိုကို နော..."" ဟုတ်ကဲ့ ဖေဖေ..."
ခ လေးသည် လှိုင်းအား ပြုံးပြသည်...ဦးလွင်သစ်သည် ဇနီးဆုံးပြီးကတည်းက သားဖြစ်သူကိုပျိုးထောင်ခဲ့သည်မှာ လှိုင်းကျောင်းပြီးသည့်အထိပင်...
ယခုဆိုလျှင် လှိုင်းက အသက် ၂၅ရှိနေပြီးဖြစ်သည်...
အရာရာကိုနားလည်သဘောပေါက်သည်...ဦးလွင်သစ်နှင့်ဒေါ်ပုလဲတို့သည် မငယ်တော့သည့်အတွက်လူကြီးဆန်စွာ တရားရုံးတွင်သာ လက်မှတ်ထိုးလိုက်ကြလေသည်..." သား..."
" ဗျာ ဒယ်ဒီ..."
" ဒယ်ဒီ့ကို စိတ်ခုနေတာလား..."
" မဟုတ်ပါဘူး...ဒါကဒယ်ဒီ့လွတ်လပ်မှုဘဲလေး...ကျွန်တော်အားလုံးနားလည်ပါတယ်..."
" သားကတကယ်ကို နားလည်ပေးတတ်တဲ့
ကလေးဘဲ""ဒါကဒယ်ဒီနဲ့တူလို့နေမှာပါ..."
" ဟားဟားဟား ဒယ်ဒီ့သားကတကယ်ကိုစံဘဲကွာ... ဪဒါနဲ့ ညီမလေးနဲ့တည့်အောင်နေနော..."
" အဲ့ဒီကောင်မလေးက အသက်ဘယ်လောက်
ရှိပြီးလဲ..."" 20 လောက်ရှိရောပေါ့ ကျောင်းနေနောက်ကျတော့ အခုမှ ပထမနှစ်စတက်တာ..."
" ဪ...ဒယ်ဒီစိတ်ချပါ...တကယ်ကိုညီမလေး
အရင်းလိုဂရုစိုက်မှာပါ "" ကောင်းပါပြီး ကွာ..."
တစ်ဖက်တွင်ဒေါ်ပုလဲသည်...ခ အား
" ခ သမီး..."
" ဟုတ်ကဲ့မေမေ..."
" မေမေပြောစရာရှိလို့..."
" ဟုတ်ကဲ့..."
" သား လှိုင်းသွင်သစ် နဲ့တည့်အောင်နေနော...
အခုကစပြီးသမီးမှာက အစ်ကိုကြီးရှိသွားပြီး
သားလှိုင်းပြောတာ သမီးနားထောင်ရမယ်နော..."