Unicode...
စည်းတစ်ဖက်ကမ်းလွန်သော်
Part - 7
" ကိုလှိုင်းသွင်သစ်...ရှင့်စကားတွေလွန်လာ
ပြီးနော..."" ငါပြောတာမှားသွားလို့လား..."
အထင်သေးစွာ လှိုင်းသူမက်ုပြောဆိုနေသည့်အတွက် မျက်ရည်မျပိုးပိုးပေါက်ပေါက်ကျရ
ပြန်သည်..." ပြောလိုက်ရင် မျက်ရည်က
အရင်ကျလာတယ်...အဲ့ဒါဘဲ
မိန်းမတွေက မျက်ရည်နဲ့လုပ်စားနေတာ"" မဟုတ်ဘူးနော ခကို အဲ့လိုမပြောပါနဲ့
ကိုလှိုင်းသွင်သစ် ထင်သလို တစ်ခုမှမဟုတ်
ဘူး...ဒီအိမ်မှာ ခ လုပ်စာမရှိတဲ့အတွက်
ခ အချိန်ပိုင်းအလုပ်ဝင်လုပ်တာပါ
မိဘပိုက်ဆံကို အလကားထိုင်မစားချင်ရုံပါ"" မင်းပြောသလို ဆို ငါကဘဲ
ငါ့ဒယ်ဒီလုပ်စာကို အလကား
ထိုင်စားနေတယ်ပေါ့ဟုတ်လား"လက်လေးယက်ကန်ယက်ကန်နှင့်ခသည်
" မဟုတ်ဘူး ခ အဲ့လိုသဘောမျိုးနဲ့
ပြောတာမဟုတ်ပါဘူး ခ ကိုယ် ခ
ပြောတာပါ..."" မင်းပြောတိုင်ငါယုံရမှာလား..."
" ဒါဆို ကိုလှိုင်းသွင်သစ် မယုံရင်
မနက်ဖြန် ခ အလုပ်သွားရင်
လိုက်ကြည့်ပေါ့...ကျန်တာ ခဘာမှ
မဖြေရှင်းတတ်တော့ဘူး
လိုက်သာကြည့်လိုက်တော့..."" ဒီလောက်ထိမလိုပါဘူး
မင်းကငါ့ညီမ အရင်းမှမဟုတ်တာ
ပြီးတော့ ငါ့ ရည်းစားလဲမဟုတ်ဘူး..."" ဒါဆိုရင်လဲ ခ ဘာလုပ်လုပ်
လိုက်ပြောနေလဲ "" ဟ ပြောရမှာဘဲ ဒါကငါ့အိမ်
မင်းဝင်ချင်သလိုဝင် ထွက်ချင်
သလို ထွက်ရအောင် ဇရပ်မဟုတ်ဘူးနော
ငါတို့ မျိုးရိုးမှာလဲ ညအချိန်မတော်ကြီး
ဘယ်မိန်းကလေးမှပြန်မလာဘူး"" ဒါပေမဲ့ ခက ကိုလှိုင်းသွင်သစ် ရဲ့
မျိုးရိုးမှမဟုတ်ဘဲ..."ထိုသို့ချေပပြီး ခ သူမအိပ်ခန်းထဲ ဝင်သွား
သည် လှိုင်းသည် သူ့ကို ပြန်ခံပြောသော
ခကိုအတော်လေး ဒေါသထွက်မိသည်...* အဟွန်းမင်းတွေ့ဦးမယ်..."
ခ အခန်းထဲ ဝင်ပြီးမှန်တင်ခုံအရှေ့ ရှိုက်ကာ
ကိုရပြန်သည်...ဘယ်သူကမှသူမကို လှိုင်း
လောက် မနှိမ် သို့သော် လှိုင်းကသာ သူမကို
နစ်နာအောင်ပြောဆိုသည်...မျက်ရည်များကို
ခပ်ကြမ်းကြမ်းသုတ်ပစ်သည်...သူစိမ်းတစ်
ယောက်ကြောင့် သူမ မျက်ရည် ခဏခဏကျ
နေသည်မှာသဘာဝမဟုတ်ဘူးဟုထင်ပါသည်
လှိုင်းအခန်းထဲဝင်ကာ မနက်က ဝယ်ထားသည့်
ဝိုင်လက်ကျန်လေးရှိနေသေးသည်မို့ ခွက်ထဲငှဲ့ကာသောက်ပစ်လိုက်သည်...သောက်နေစဥ်
ဘေးနားက ဖုန်းသံလေးမြည်လာသည်...