စည်းတစ်ဖက်ကမ်းလွန်သော်

296 5 0
                                    

Unicode...

                စည်းတစ်ဖက်ကမ်းလွန်သော်

                             Part - 19

လှိုင်းသည် သူမလေးယောင်နေသည်ကိုကြည့်ပြီးပြုံးမိသည်...

" တော်သေးတာပေါ့ မုန်းတယ်လို့မပြောလို့
ကျေးဇူးပါ ကလေးရယ်..."

သူမလေးကို လှိုင်းပြုံးပြုံးကြီးကြည့်ကာ
ခြေထောက်နှင့်လက်ကို မဖယ်ဘဲ ဒီအတိုင်း
ထားရင်း အိပ်ပျော်သွားလေသည်...

မနက်ပိုင်းသို့ရောက်သော် ခ အိပ်ရာမှထပြီးခါးကျောဆန့်လိုက်လေသည်...ပြီးသော်အခန်းတစ်
ဝိုက်ဝေ့ဝှက်ကြည့်ပြီး...

" အလုပ်သွားပြီးဘဲ...အဟင်း..."

သူမအိပ်ရာကိုသိမ်းပြီးရေချိုးခန်းထဲဝင်ကာ
တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်လေသည်...
ကျောင်းဝတ်စုံလဲပြီး အောက်သို့ဆင်းလာလေသည်...ထမင်းစားခန်းတွင် လှိုင်းကို တွေ့သော်
တမင်တကာ ဝင်လာခဲ့သည်...

" မေမေ..."

" ဪ သမီးခ နိုးပြီးလား...သားနဲ့အတူ မနက်
စာတစ်ခါတည်းစားသွားလေး..."

" ဟုတ်မေမေ..."

သူမဝင်ထိုင်ပြီး လှိုင်းကိုစေ့စေ့စပ်စပ် ကြည့်နေလေသည်...လှိုင်းသည်မသိယောင်ဆောင်ကာ
စားလက်စ ထမင်းကို လေးငါးလုတ်လောက်စား
ပြီး...ထတော့မည့်အချိန်...

" သားလှိုင်း တော်ပြီးလား..."

" ဟုတ်မေမေ... ဒီမနက် အိပ်ရာထနောက်
ကျလို့ အဲ့တာ Company ကိုအမြန်သွားမှဖြစ်
မယ်..."

" ဟုတ်ပါပြီး...သမီး သားကို ကားနားအထိ
လိုက်ပို့လိုက်လေး..."

" ရတယ်မေမေ ကျွန်တော်အလျင်လိုနေလို့..."

ခ သည် ဘာမှဝင်မပြောဘဲ သူ့စကားသံကိုသာ
နားထောင်နေမိသည်...
လှိုင်းသည်ခပ်သွက်သွက်လေး ကားအနားသို့
ထွက်သွားလေသည်...

ခသည် မိခင်ခူးထားပေးသည့်ထမင်းကြော်ကိုကြည့်ပြီး အန်ချင်သလိုလို ဖြစ်လာခဲ့သည်...

" အော့...အက်..."

ခပ်သွက်သွက်လေး နောက်ဖေးသွားကာ အန်လေသည်...အန်နေသည်မှာလဲအဖက်မပါ
အရည်ချည်းသာ...

စည်းတစ်ဖက်ကမ်းလွန်သော် Where stories live. Discover now