စည်းတစ်ဖက်ကမ်းလွန်သော်

318 9 0
                                    

Unicode...

                စည်းတစ်ဖက်ကမ်းလွန်သော်

                                 Part -6

ထက်မြတ်အလျင်လိုကာ မိုးမြင့်ထက်ဆီ သွားလေသည်...

" အမတော့ ငါ့ကိုကောတော့မှာဘဲ...ဟူး"

ထက်မြတ် မိုးမြင့်ထက်ဆီရောက်သော်...

" အစ်မ ဟဲဟဲ..."

" ခေါ်ထားတာ ကြာပြီး ဒီလောက်
နောက်ကျရလား..."

" သိတယ်မလား အစ်မမောင်လေး
ကျွန်တော်က လူမှုတာဝန်သိတတ်တယ်လေး"

" အေအေ ပြောစမ်းပါဦး ဘာတွေကို
သိတတ်နေတာလဲ"

" လမ်းမှာ ကောင်မလေးတစ်ယောက်
အကူညီလိုလို့ ဝင်ကူညီလိုက်တာ..."

" ဟိုက နင့်ကို အီစီကလီတွေမလုပ်ဘူးလား"

" ဘယ်ကသာ အရမ်းကို ရှေးစံတဲ့
ကောင်မလေး စွာလိုက်တာလဲ
လွန်ရော..."

" အဲ့တာတောင်ကူညီလိုက်သေးတာလား..."

" သူမက ချစ်ဖို့ကောင်းတယ်လေး..."

" တဏှာရူးကောင်...အဲ့ဒါကြောင့်
ကို့အစ်မကို စောင့်ခိုင်းထားတယ်ပေါ့..."

" အဲ့လိုမဟုတ်ပါဘူး လူမှုတာဝန်ကို
သိတတ်နေလို့ပါဆို..."

" ဒါနဲ့ လှိုင်းလာမကြိုဘူးလား...
သူပြောတော့ လာကြိုမလို့ဆို
ဒါကြောင့် ကျွန်မလာတာ"

" လာကြိုပါတယ်...%%$%$^&"

ဖြစ်ကြောင်းကုန်စင်ကို ထက်ပြောပြလိုက်သည်...

" အစ်မလဲ ဟုတ်သားဘဲ ကျွန်တော့်
သူငယ်ချင်းက သစ္စာရှိရှိနဲ့အစ်မကို
၆နှစ်လုံးလုံးစောင့်နေခဲ့တာလေး..."

" ဟဲ့ငါကမှ သူ့ကိုချစ်လို့မှမရတာ...
ငါ့မျက်စိအောက်ကနေကြီးလာတဲ့
ကလေးကို ငါကဘယ်စိတ်နဲ့ချစ်ရမှာလဲ
ငါ့မောင်လေးလိုဘဲ ငါချစ်တာပေါ့..."

" အဲ့တာနဲ့ လှိုင်းက အစ်မကိုထားခဲ့ပြီး
ပြန်သွားတာလား..."

" အသည်းကွဲနေလို့ စော်သွားရှာမလို့တဲ့...
မြန်မြန်မောင်း စမ်းပါ...ငါခရီးပန်းနေတယ်"

တစ်ဖက်တွင် လှိုင်းသည် Bar တစ်ခုတွင်
အရက်သောက်နေလေသည်...

" ဪလောကကြီးရယ် ငါ့ကို
  ဒီလောက်တောင်ရက်စက်ရလား
  မာမီ့ကိုလဲ အစောကြီး ငါ့ဘဝထဲကနေ
  ခေါ်သွားတယ်...အခုလဲ ချစ်တဲ့သူမက
  လုံးဝကို ​ပြန်မချစ်နိုင်ဘူးတဲ့...
  ရက်စက်လိုက်ကြတာကွာ..."

စည်းတစ်ဖက်ကမ်းလွန်သော် Where stories live. Discover now