စည်းတစ်ဖက်ကမ်းလွန်သော်

287 5 0
                                    

Unicode...

                စည်းတစ်ဖက်ကမ်းလွန်သော်

                            Part - 18

" ပြန်ရအောင်လေး အရမ်းမှောင်နေပြီး. .."

သူမပြန်မဖြေဘဲ ကားပေါ်တက်သွားလေသည်...
လှိုင်းသည် ကားမောင်းရင်းတစ်ချက်တစ်ချက်သူမကို လှမ်းကြည့်နေလေသည်...

!! မင်းပျော်ရင်ကိုကျေနပ်ပါတယ်ကလေးရယ်!!

အိမ်ရောက်သည့်အထိ နှစ်ယောက်သား
စကားသံများတိတ်ဆိတ်နေကြသည်...အိမ်ထဲရောက်သော် တိတ်ဆိတ်ခြင်းကိုဖြိုခွင်းလိုက်သူက ဦးလွင်သစ် ဖြစ်သည်...

" သားနဲ့သမီး လာဦးဒယ်ဒီပြောစရာရှိတယ်..."

" ဟုတ်ကဲ့..."

ခသည်...

" ပြောပါဖေဖေ..."

" သားနဲ့သမီးကိုဒီအပတ် တနင်္ဂနွေနေ့မှာ
  လက်ထက်ပေးချင်တယ်...သားနဲ့သမီး
  သဘောကရော..."

" ခက အဆင်ပြေပါတယ်..."

" ကျွန်တော်လဲအဆင်ပြေပါတယ်ဒယ်ဒီ"

" အိုကေဒါဆို စီစဥ်လိုက်တော့မယ်နော..."

" ဟုတ်ကဲ့ ဒယ်ဒီ"

" ဟုတ်ဖေဖေ ဖေဖေစကားပြောစရာမရှိတော့
ရင်...ခ နားတော့မယ်နော...ဒီနေ့နည်းနည်း
ပင်ပန်းလာလို့ပါ..."

" အေအေ...အနားယူပြီးအိပ်တော့နော..."

" ဟုတ်ကဲ့..."

ခ နှုတ်ဆက်ပြီးအခန်းထဲဝင်သွားလေသည်...

တစ်ဖက်တွင်ထက်မြတ်သည်...

" ဝက်ကလေး..."

ရုတ်တရက်တစ်ခါမှထိုသို့အခေါ်မခံရသောကြောင့် ဝတ်ရည်ကြောင်ပြီးကြည့်နေလေသည်...

" ကိုကို...ဘယ်သူ့ကို ခေါ်နေတာလဲ..."

ပလုတ်ပလောင်းနှင့်သူမပြန်မေးနေလေသည်...

" ဒီလောက်အစားပုတ်တာ မင်းကဝက်ကလေးနဲ့
တူလို့ ဝက်ကလေးလို့ခေါ်လိုက်တာ..."

" ကိုကိုကလဲ ဘာကြီးမှန်းမသိဘူး...
ဝတ်ရည်က ကိုကိုပြောသလောက်လဲမဟုတ်ပါ
ဘူးနော...ဟွန့်..."

ရှက်ရမ်းရမ်းကာ သူ့အားမျက်စောင်းထိုးပြီး
ပြောနေသောကြောင့် ထက်မြတ်သဘောကျမိသည်...

စည်းတစ်ဖက်ကမ်းလွန်သော် Where stories live. Discover now