Unicode...
စည်းတစ်ဖက်ကမ်းလွန်သော်
Part - 8
" အရူး သူမဘယ်မှာနေလဲတောင်
ငါမသိဘူး..."" ကောင်းရော..."
နှစ်ယောက်သား စက်အတူတူပြင်ရင်း
စကားပြောကာရယ်မောနေကြသည်...
ခသည် ကျောင်းသို့ရောက်သော်..." ဝတ်ရည်...နင်ဘာဖြစ်တာလဲ...
မျက်နှာလဲ မကောင်းဘူးနော..."" ဒီလိုပါဘဲ ငါ့မိဘတွေ ကွာရှင်းတော့မယ်"
" ဘယ်လိုဖြစ်တာလဲ..."
" မသိတော့ဘူးဟား...ငါ့အဖေက
နောက်အိမ်ထောင်ပြုမလို့တဲ့...
ပြီးတော့ မေမေက တွယ်ကပ်နေတယ်...
ငါမေမေ့ကိုသနားတယ်ဟား...
မကောင်းတဲ့ယောက်ျားကို
ဘာကြောင့်တွယ်ကပ်နေမှန်းမသိဘူး"" ဝတ်ရည်ရယ် တွယ်ကပ်မှာပေါ့
ဘာကြောင့်လဲသိလား..."" ဘာကြောင့်လဲဟင်း..."
" နင့်ကြောင့်လေး...နင်မျက်နှာငယ်
ရမှာကို မလိုလားလို့ပေါ့...
ဒီနောက်မီးလင်းတဲ့ယောက်ျား
တစ်ယောက်ကို တွယ်ကပ်ချင်လို့
တွယ်ကပ်နေတာမဟုတ်ဘူး
သားသမီးရှိနေလို့သာ တွယ်ကပ်
နေရတာသိလား..."" ဒါမဲ့ ငါ့ကြောင့်နဲ့ မေမေ အ့လိုမတွယ်ကပ်
စေချင်ဘူး..."" ငါနားလည်ပါတယ်...နင်သာ
ခံနိုင်ရည်ရှိရင် နင့် မေမေကို
ပြောလိုက်လေး သမီး မျက်နှာ
မထောက်ပါနဲ့ သမီးလဲ အဲ့လို ဖခင်ကို
မလိုလားဘူးလို့..."" ငါစဥ်းစားချင်သေးတယ်...
ငါမေမေ့ကိုချစ်တယ်ဟား
မေမေ နေ့တိုင်းညတိုင်းမျက်ရည်
ကျနေတာငါ မမြင်ချင်တော့ဘူး"" အင်းပါ...ငါပြောသလိုသာ
လုပ်ကြည့်ပေါ့..."" ကျေးဇူးနော ခ နင့်လို
အားပေးတတ်တဲ့သူငယ်ချင်းကောင်း
ရထားတာ ငါအားအများကြီးတတ်တယ်..."" ငါရောဘဲ..."
နေ့လယ်ကျောင်းဆင်းသော် ဝတ်ရည်သည်
အိမ်သို့ပြန်လာခဲ့သည်...မေမေလဲ ရုံးကနေ
ပြန်လာဟန်တူသည် ရုံးယူနီဖောင်းတောင်
မလဲရသေးပါ...ငိုထားပုံလဲရသည်...
မျက်လုံးက နီရဲပြီးမျက်နှာကလဲအစ်နေသည်...
မျက်ရည်တို့ကလဲစီးကျနေပြန်သည်...
![](https://img.wattpad.com/cover/374984426-288-k589266.jpg)