Unicode...
စည်းတစ်ဖက်ကမ်းလွန်သော်
Final Part
" အဟားဒါဆိုငါတို့ပြေလည်သွားပြီးထင်တယ်
ဟိုကလေးမလေးကိုတောင်ကျေးဇူးတင်ရ
တော့မယ်..."ဟုတ်ပါရဲ့ ခ၏ ဗိုက်ထဲက ကလေးက လှိုင်းကို
ခထက်ပိုချစ်မည်ထင်ပါသည်...ခသည် ရှက်သွားပြီး မျက်နှာလေးပန်းရောင်သန်းကာ
" ပြန်တော့မယ်..."
" အင်းပါ...Babe ဖြည်းဖြည်းလဲသွားဦး...
မပေါ့မပါးကြီးနဲ့ တော်ကြာ ချော်လဲနေလို့ရှိရင်
ကို ရင်ကျိုးရချည်ရဲ့..."" ရှင်နော...ဟွန့်..."
မျက်စောင်းလေးထိုးကာ သူမ သူ့၏ရုံးခန်းထဲမှ
ထွက်သွားလေသည်...အရင်ကမုန်းခဲ့လို့လား
မသိပါ ယခုတွင် သူမလေးကို လှိုင်းသည် နှစ်နှစ်ကာကာကိုချစ်လို့နေသည်..." ပြန်မယ် အဘ..."
" မမလေး ဘာဖြစ်လာလို့လဲ..."
" ဘာမှမဖြစ်ပါဘူး...ပြန်ရအောင် ခ ငရုတ်သီး
စပ်စပ်လေးနဲ့ ဒီအချဥ်တွေကို စားချင်လှပြီး..."" ဟုတ်ပါပြီးဗျာ...အဘ ပုံမှန်လေး မောင်းတယ်ဆိုတာ...မမလေးအတွက်ပါ...မမလေးက
အခုဆိုရင် သူဌေးလေးရဲ့ ရင်သွေးကို လွယ်ထား
ရတယ်လေးဗျာ...မတော်လို့တစ်ခုခုဖြစ်ရင်
အဘ က အလုပ်ထွက်ရမှာမမလေးရဲ့"" အဘက အသက်ဘယ်လောက်ရှိပြီးလဲ..."
" ၅၈ရှိပြီး..."
" ဒါဆို ခရဲ့ဖေဖေရှိနေရင် အဘနဲ့အသက်က
မတိမ်းမရိမ်းလေးဘဲ..."" ဟုတ်လား..."
" ဟုတ်...အဘမှာသားသမီးတွေရောမရှိဘူး
လား"" မြေးတွေတောင် မမလေးနဲ့ အသက်တူလောက်
ရောပေါ့..."" အိုဟိုး...အဘက တယ်ကို စွန်ပါလား..."
" ၁၆နှစ်သားနဲ့ အိမ်ထောင်ကျတယ်လေးကွာ...
၁၈နှစ်မှာအကြီးမကြီးကိုမွေးတော့တာဘဲ...
၂၀ မှာ သမီးအမွှာလေး မွေးတယ်...သမီးကြီးက အသက်၂၁မှာ မြေးဦးလေးမွေးတယ်...
ယောက်ျားလေး...အခုဆိုရင် ၁၉နှစ်ထဲ..."