Unicode...
စည်းတစ်ဖက်ကမ်းလွန်သော်
Part - 10
" ဘာလဲ ငါပြုံးလိုက်တာလား..."
ရင်ဘက်က နှုတ်ခမ်းအရာကို ထိကြည့်လိုက်သော် စိတ်ကမရိုးမရွဖြစ်လာခဲ့သည်...ထိုအင်္ကျီ
ကိုချွတ်ပြီး ချိတ်ဖြင့်ချိတ်ထားလေပြီး နောက်တစ်ထည် ဝတ်လိုက်သည်...အဝတ်လဲပြီး သူအိမ်အောက်ဆင်းလာသည်...
" ဒယ်ဒီခေါ်တယ်ဆို..."
" ဟုတ်တယ် လှိုင်း ဒယ်ဒီမေးစရာရှိတယ်..."
" မေးပါဒယ်ဒီ..."
" သား အခုချိန်ထိ ဒယ်ဒီအလုပ်ကိုအကုန်
မကူဖူးဘူးနော..."" ဟုတ်ပါတယ် စက်ရုံတစ်ခုဘဲ ကျွန်တော်
တာဝန်ယူထားတာပါ..."" ဟုတ်တယ်...သားသိတဲ့အတိုင်းဘဲ ဒယ်ဒီလဲ
အသက်ကြီးနေပြီးကွာ အနားယူချင်တယ်...
ဒါကြောင့် Company အပါအဝင် လုပ်ငန်း
တွေအားလုံးကို သားက တာဝန်ယူပေးနိုင်
မလား..."" ရပါတယ်...ကျွန်တော်တာဝန်ယူပေး
ပါ့မယ်..."" ကျေးဇူးပါကွာ...ဒယ်ဒီစိတ်ချလို့ရမလား..."
" ဒါဆိုရင် တစ်ပတ်လောက်အထိ
ဒယ်ဒီစောင့်ကြည့်ပေါ့ အဆင်ပြေ
မပြေကို..."" စောင့်ကြည့်စရာမလိုပါဘူးကွာ...
ဒယ်ဒီမင်းကိုယုံပါတယ်..."" ဒယ်ဒီပြောချင်တာဒါဘဲမဟုတ်လား
ဒါဆို ကျွန်တော် ဆိုင်ခဏသွားဦးမယ်"" ကောင်းပါပြီး ကွာ..."
လှိုင်းထွက်၍သွားလေသည်...ဦးလွင်သစ် သည်
" သမီးရော...ဘယ်မှမသွားဘူးလား..."
" မသွားပါဘူးဖေဖေ ဒီနေ့ ခ မေမေ့ကို
ကူလုပ်ပေးရမယ်လေး...ပြီးရင် စာလုပ်
ရဦးမယ်..."" သမီးအလိမ္မာလေးကို ဖေဖေရလိုက်
တာဘဲကွာ..."သူမပြုံးလိုက်သည်...
လှိုင်း ဆိုင်ဖွင့်ပြီး ခုံတွင်ထိုင်ကာ
စီးကရက်ကို ထိုင်၍ဖွာလေသည်...
ထက်မြတ်ရောက်လာသော်..." အို...ဟိုးးးငါ့ကောင်က ဒီနေ့တယ်စော
ပါလား..ဘယ်သူနဲ့ date ဖို့လဲ..."