Unicode...
စည်းတစ်ဖက်ကမ်းလွန်သော်
အပိုင်း - ၅
လှိုင်းသည် ဒေါသများဖြင့်မဲ့ပြုံးပြုံးပြီး ဖခင်အခန်းထဲမှ ပြန်ထွက်သွားလေသည်...ဦးလွင်သစ်သည် ရိုင်းလွန်းသည့်သားကြောင့် နှလုံးဖောက်ချင်မိသည်...ရင်ဘတ်အားဖိကာ အမောဖြေနေရသည်...
တကယ်တော့ ဒေါ်ပုလဲနှင့် ဦးလွင်သစ်သည်
အမည်ခံသာ လက်ထပ်ထားကြသည် တစ်ခန်း
ထဲအိပ်သော်လဲ ကုတင်တစ်ယောက်တစ်လုံး
ရယ်သာ...ဒေါ်ပုလဲခင်ပွန်းနှင့် ဦးလွင်သစ်သည်
ငယ်သူငယ်ချင်းဖြစ်ကြသည်...ဒေါ်ပုလဲခင်ပွန်း
ဆုံးပြီး ဦးလွင်သစ်ရောက်လာကာ နေ့တိုင်းလိုဝင်ထွက်နေသည့်အတွက်ပတ်ဝန်းကျင်က
ပြောစရာဖြစ်လာသည်မို့ ယခုလိုအခြေအနေဖြစ်လာခဲ့သည် သူ့ကြောင့်နစ်နာ သည့် ဒေါ်ပုလဲ
ကိုလဲ အကြွေးအားလုံးကို ဆပ်ပေးပြီး...ရွှေတစ်ဆင်စာဆင်ပေးလေသည်...ဒါကို သားဖြစ်သူ
မသိ၍ ယခုလို ပြုမူနေသည်ပင်...
ဒေါ်ပုလဲ ခ ၏အခန်းသို့ဝင်လာလေသည်..." သမီး ခ အဆင်ပြေရဲ့လား..."
" ပြေပါတယ် မေမေ ခ ကအေးဆေးပါ..."
" သမီးရယ် မေမေ့ကြောင့်သမီး စိတ်ဆင်းရဲနေရ
ရောပေါ့..."" မဟုတ်တာသမီးပျော်ပါတယ်...ဒါနဲ့လေး
မေမေ ခ အလုပ်ရသွားပြီး..."" ဘယ်လို ကျောင်းနေနေတာလေးသမီး..."
" အဆင်ပြေပါတယ်
အချိန်ပိုင်းအလုပ်ပါဘဲ...
ညနေ ၅နာရီကနေ ၉နာရီခွဲအထိပါ"" ဟင်းမိုးချုပ်နေပြီးလေး သမီး
ဒါနဲ့အလုပ်ကဝေးလား..."" ကျောင်းအနားမှာဘဲလေးမေမေ..."
" ဘာအလုပ်ကြီးလဲသမီး..."
စိုးရိမ်စွာမေးလာသည် မေမေ့ကိုကြည့်ပြီး
ခပြုံးလိုက်သည်..." မေမေရယ် ခက လေး မကောင်းတာ
ဘာမှမလုပ်ဘူးနောမေမေ သမ္မာအာဇီဝ
အလုပ်ဘဲလုပ်တာ...စားပွဲထိုးပေါ့ဟီးဟီး..."" အင်းပါ...သမီးကျေနပ်ရင်လဲ ပြီးတာဘဲ
မေမေမတားပါဘူး"" အဲ့တာကြောင့်မေမေ့ကိုချစ်နေရတာ...ဟီး"
