စည်းတစ်ဖက်ကမ်းလွန်သော်

346 7 1
                                    

Unicode...

             စည်းတစ်ဖက်ကမ်းလွန်သော်

                             Part - 11

" တော်တော် ဇောင်းကြွနေတယ်ပေါ့...
ဟုတ်လား..."

လူကိုဝါးစားမတတ်ကြည့်ကာ ခကို နံရံသို့ မှီစေပြီး ချုပ်ကာ အတင်းနမ်းလေတော့သည်...သူမနှုတ်ခမ်းသားတွေကို တပ်မက်စွာနမ်းရှိုက်နေတော့သည်...

ခသည် ရုန်း၍မရသောကြောင့် လှိုင်း၏
ငယ်ပါလေးကို ဒူးဖြင့်တိုက်လိုက်သည်...

" အားးးး"

သူ၏ငယ်ပါလေးနာသွားသောကြောင့် ခ၏ရှေ့တွင်ငယ်ပါကိုလက်ဖြင့်အုပ်ကာ မချိမဆံ့ကြီး
ခံနေလေတော့သည်...

" နည်းသေးတယ်...လူကို ပိုင်ဆိုးပိုင်နင်း
လုပ်ဦး..."

သူမ၏နှုတ်ခမ်းကိုလက်ဖြင့်ခပ်ကြမ်းကြမ်း
သုတ်ရင်း ပြောပစ်လိုက်သည်...
ပြောပြီးသော်သူမ အခန်းထဲပြေးဝင်သွားသည်
လှိုင်းသည်...

" အာ့လားလား...ကျစ်ကျစ်...
မိုးပုလဲခ မင်းတွေ့မယ်...ငါနဲ့
တွေ့ဦးမယ်...

အခန်းထဲရောက်သော် သူမအသက်ပြင်းပြင်းရှူကာ

" ငါသတိနဲ့နေမှဖြစ်တော့မယ်..."

ညပိုင်းကုန်ဆုံးကာ မနက်ပိုင်းသို့ရောက်လာခဲ့သည်...ဝတ်ရည်၏ မိဘများသည်နေ့ကွာရှင်း
ကြမည်ဖြစ်သည်...မိခင်ဖြစ်သူက

" သမီးလေး...ငိုနေတာလား..."

" နည်းနည်းဝမ်းနည်းရုံပါ...
သမီးမျက်နှာကိုတောင် ဒယ်ဒီက
မထောက်ဘူးနော..."

" သမီးဒယ်ဒီက သမီးကိုမှမချစ်ခဲ့တာ
သမီးလေးကို ကိုယ်ဝန်စရစဥ်ကလဲ
ဖျက်ချဖို့မေမေ့ကိုပြောခဲ့တယ်...
မေမေကသာ သူ့စကားကိုဂရုမစိုက်ဘဲ
သမီးကိုမွေးခဲ့တာ...သမီးက မေမေ့ရဲ့
အားဘဲ..."

" မေမေ ကျေးဇူးအများကြီးတင်ပါတယ်
သမီးကို လူ့ဘဝကြီးထဲ ခေါ်လာပေးလို့"

သူမမိခင်သည် သူမအားဖက်လိုက်ပြီး

" သမီးကြောင့်သာ မေမေအခုလိုလုပ်နိုင်ခဲ့တာပါ
ဘာမှအားမငယ်နဲ့နော သမီးဘေးမှာ မေမေ
ရှိတယ်အမြဲတမ်း"

စည်းတစ်ဖက်ကမ်းလွန်သော် Where stories live. Discover now