Unicode...
စည်းတစ်ဖက်ကမ်းလွန်သော်
Part - 14
" ရှင်..."
ခ သည် မျက်စောင်းထိုးကာ လိုက်ပါသွားတော့သည်...လှိုင်းသည်မျက်စောင်းထိုးနေသော
သူမကိုကြည့်ပြီးအသည်းတစ်ယားယားနှင့်ပင်...
သေချာတာကတော့ သူမ သူ့ကို အမြင်ကြည်
မည်မထင်ပါ...သူ့ကြောင့်သူမဘဝလေး အညွှန့်တွေမထွက်လာနိုင်တော့ဘူးဆိုတာ...ကျောင်းရှေ့သို့ရောက်သော်
" ကဲ အစ်မချော...ကျောင်းရောက်ပါပြီးဗျ...
ကျေးဇူးမတင်ချင်ဘူးလား..."ခသည် မဲ့ပစ်လိုက်ပြီး တွန့်ရုံသာပြုံးကာ
"ကျေးဇူးတင်ရမယ်ဟုတ်လား...
ကျွန်မဘဝကြီးကို ပျက်စီးထားတဲ့ရှင့်ကို
ကျေးဇူးတင်ရဦးမှာလား..."သူမစကားကြောင့်လှိုင်း မျက်နှာ ငုတ်ဆင်းသွားရသည်...အပြစ်တစ်ခါလုပ်ပြီးရင် အဲ့ဒီအပြစ်က
လုံးဝ လူကို တိမ်မြှုပ်စေတာပါဘဲ..." ညနေလာကြိုမယ်နော...
စောင့်နေ"" မလိုပါဘူး...မေမေ မွေးလာကတည်းက
ခြေထောက်ပါတာမို့...လမ်းလျှောက်ပြန်
လာတတ်တယ်..."" စကားနားမထောင်ရင်...ဟို့ကလို
ယုတ်မာလိုက်ရမလားပြော"" ယုတ်မာကျင့်ရှိပြီးသား လူတစ်ယောက်က
ထပ်ပြီးယုတ်မာမှာကမဆန်းပါဘူး..."မဲ့ပြုံး ပြုံးကာ လှိုင်းကိုသူမကျောခိုင်းပြီး
ကျောင်းဝန်းထဲဝင်သွားလေသည်...
သူမ၏စကားတွေက လှိုင်းရင်ဝကို လှံနှင့်စောင့်
ထိုးနေသလိုပင်...ဒါပေမဲ့လဲ သူခံနိုင်ပါသည်...
သူ့ကြောင့်သူမလေး ရေတိမ်သွားခဲ့သည်မဟုတ်ပါလား...ဒါကြောင့် ယခုကတည်းကသူမလေးကို လှိုင်းအလျှော့ပေးနေပြီးအနိုင်ပေးထားခြင်းဖြစ်သည်...အရှုံးကို သူသာခံယူတော့မည်ဟု
ဆုံးဖြတ်ထားပါသည်..." လှိုင်း..."
ခေါ်သံကြောင့် သူ လှည့်ကြည့်လိုက်သော်
ထက်မြတ်ဖြစ်နေလေသည်...ထက်မြတ်နှင့်အတူ ကောင်မလေးတစ်ယောက်ကိုပါတွေ့ရသည်...