Unicode...
စည်းတစ်ဖက်ကမ်းလွန်သော်
Part -12
" ဒီနေ့ကစပြီး ဝတ်ရည်ကိုကို့ကို လိုက်ပြီး...
လွှတ်အောင်သာပြေး...မိလို့ကတော့...အဟင်း"" ဟား..."
နှစ်သိမ့်ပေးတာက ပိုဆိုးသွားသလိုပင်...
တကယ်လဲ ပြေးရင်လွှတ်ပါ့မလား...
သူမကတကယ့်အဆိုးမလေးပင်...
မချစ်ပေမဲ့ သူမကြောင့် ရင်ခုန်တာကအချစ်ဆိုရင် သေချာပါတယ် ထက်မြတ် ဝတ်ရည်ကို
ချစ်သည်...
ထက်မြတ်သည် သူနမ်းပြီး သူ့ပါသူ ရှက်ကာ
ဝတ်ရည်နှင့်မျက်နှာချင်းမဆိုင်ဘဲ ဟိုဘက်သို့
လှည့်လိုက်သည်..." ဘာလဲ ရှက်နေတာလား...ကိုကို"
" ဟမ်း...ကိုက ဘာလို့ရှက်ရမှာလဲ မရှက်ပါဘူး"
ပြောင်စပ်စပ်နှင့်ဝတ်ရည်က ထက်မြတ်
မျက်နှာလှည့်ထားသည့်ဘက်တွင်လာထိုင်ပြီး" ဟုတ်လို့လား..."
" အင်း"
ဝတ်ရည် ပြုံးပြီး ထက်မြတ်ပါးကိုနမ်းလိုက်သည်...
" ဟားဘာလုပ်တာလဲ..."
" ဟားဟား တွေ့လား ကိုကိုက ရှက်နေတာဘဲ"
ထက်မြတ်သည် ရှက်ရမ်းရမ်းကာ
" ဟုတ်တယ်ကွာ...ရှက်တယ်...
တစ်ခါမှမနမ်းဖူးတော့ ရှက်တယ်..."" ဒါဆို ဝတ်ရည်က ကိုကို့ရဲ့ First kiss
ကို ရလိုက်တာပေါ့နော..."" အင်း..."
ဝတ်ရည်သည်ပျော်ပြီး ထက်မြတ်မျက်နှာကို
လက်နှစ်ဖက်ဖြင့်ကိုင်ပြီး..." ကိုကိုက အရမ်းချစ်ဖို့ကောင်းတာဘဲ..."
ထိုသို့ဆိုကာ သူမသည်ထက်မြတ်ပါးနှစ်ဖက်ကိုညှစ်လိုက်သည်...ညှစ်လိုက်သော်နှုတ်ခမ်းက
စူထွက်လာသည်မို့သူမ ကြင်နာယုယစွာ
သူမနှုတ်ခမ်းနှင့်ဖိကပ်နမ်းလိုက်သည်...ပြီးသော် ထက်မြတ်၏နှုတ်ခမ်းကို သကြားလုံးသဖွယ်သဘောထားကာ စုတ်ယူနေတော့သည်..." ကိုကို့နှုတ်ခမ်းလေးက ဝတ်ရည်အပိုင်ဖြစ်
သွားပြီး..."" မင်းက ယောက်ျားလေးလား
ဒါတွေကိုလုပ်နေရအောင်..."