စည်းတစ်ဖက်ကမ်းလွန်သော်

741 12 0
                                    

Unicode...

               စည်းတစ်ဖက်ကမ်းလွန်သော်

                              Part - 9

ထိုသို့ပြောပြီးကားပေါ်တက်ကာ သူပြန်သွားလေသည်...ခမှာသူအနမ်းကြောင့် အောက်နှုတ်ခမ်း
ပေါက်သွားပြီးသွေးစို့နေတော့သည်...

" အဟင့်...အဟင့် လူယုတ်မာကြီး...
မုန်းတယ်...လူယုတ်မာကြီး..."

သူမထိုင်ပြီးငိုလို့ဝမှ ပြန်လာခဲ့သည်...
အိမ်သို့ရောက်သော် ၁၀နါရီ ကျော်နေပြီး
​ဖြစ်သည်...

အိမ်သို့ရောက်သော် မေမေတို့အိပ်နေကြပြီး
ထင်သည် အခန်းမီးအလင်းရောင်မတွေ့ပါ...
သူမလဲ စက်ဘီးကို ထားပြီး အိမ်ထဲ ဝင်သွား
သည် ဧည့်ခန်းဆိုဖာရှေ့တွင်ထိုင်နေသော
လှိုင်းကိုတွေ့သော် သူမလန့်သွားသည်...
သို့သော် မမြင်ချင်ယောင်ဆောင်ကာ အခန်းထဲ
ဝင်မည်အလုပ်...

" ဟေ့ မင်းလာဦး..."

သူမ ဘာမှပြန်မပြောဘဲ လှိုင်းဆီလာခဲ့သည်...

" ဘာပြောစရာရှိလို့လဲ ကိုလှိုင်းသွင်သစ် "

" မင်းကြောင့် ငါသောက်ခဲ့တဲ့အရက်
အမူးပြေသွားပြီး ဒါကြောင့်ငါ့ကို
အဖော်လုပ်ပေးပြီး အရက်ငှဲ့ပေး..."

" ဟအင့် ခ မလုပ်နိုင်ဘူး...ခဒီလို တစ်ခါမှ
လုပ်ဖူးတာမဟုတ်ဘူး..."

" တစ်ခါမှလုပ်ဖူးမလုပ်ဖူး ကိုထားလိုက်
အခုမင်းလုပ်ပေးရမယ်..."

" ဟအင့် အရက်ငှဲ့တဲ့အလုပ်တော့
မလုပ်ဘူး ခိုင်းချင်ရင်တစ်ခြားဟာ
ခိုင်းပါ..."

လှိုင်း မျက်ခုံးပင့်ကာ

" ဒါဆိုနမ်း..."

" ရှင်....ဟင်းးးး"

" အရက်မငှဲ့နိုင်ဘူးဆို...နမ်း..."

" ဟအင့်..."

လှိုင်းသည် ရစ်တစ်တစ်လုပ်နေသော
သူမကို စိတ်မရှည်သောကြောင့် မတ်တပ်ရပ်နေသော သူမကို ဆွဲကာ သူ့ပေါ်ထိုင်စေပြီး
သူမကို ရီဝေဝေမျက်လုံးနှင့်ကြည့်သည်...
သူမရုန်းသည်....

" ရုန်းမနေနဲ့ မင်းပင်ပန်းတာဘဲ
အဖတ်တင်မယ်"

" လွှတ်ပေး ကိုလှိုင်းသွင်သစ်
မေမေနဲ့ ဦးလွင်သစ် တွေ့သွားရင်
တစ်မျိုးထင်နေလိမ့်မယ်..."

စည်းတစ်ဖက်ကမ်းလွန်သော် Where stories live. Discover now