Unicode...
စည်းတစ်ဖက်ကမ်းလွန်သော်
အပိုင်း - ၃
" Ok ထက်မြတ်... ငါ စက်ရုံခဏလောက်သွား
ဦးမယ်..."" ကြွကြွ..."
လှိုင်းသည် ထက်မြတ်ကိုလက်ပြနှုတ်ဆက်ကာ
ထွက်သွားလေသည်...
ခ သည် ပြင်ဆင်ပြီးသော် လွယ်အိပ်လေးလွယ်ကာ စက်ဘီးလေးနှင့်ကျောင်းသို့သွားလေသည်" ခ ဒီနေ့နောက်ကျတယ်နော...
ဘာလဲနင်ကအိမ်အသစ်ကြီးကိုရောက်တော့
စည်းစိမ် ခံနေတယ်ပေါ့..."" မဟုတ်ပါဘူးဟား...ငါ့အဝတ်တွေလျှော်ရနေလို့ပါ..."
" သူဌေးသမီးဖြစ်သွားတာတောင်အဝတ်ကလျှော်နေရတုန်းလား..."
" ဟဲ့ အရင်က ခ နဲ့အခု ခနဲ့ အတူတူဘဲ...
ငါက ဘဝ မမေ့တတ်ပါဘူးဟား"" အမလေး အေ့ပါ..."
သူငယ်ချင်းဖြစ်သူ၏ခပ်ရဲ့ရဲ့စကားကို ခ လက်မခံနိုင်ပါ...အရင်က ဘယ်လောက်
ခက်ခဲခဲ့ခက်ခဲ့ပါ...ထိုခက်ခဲသည့်ဘဝကိုသူမ
ပိုနှစ်သက်သည်...အကြောင်းရင်းက သူများ
မျက်နှာကိုကြည့်ပြီးထမင်းစားရမှာကိုသူမ
မလိုလားပါ..." ဝတ်ရည် "
" အင်း..."
"နင်တို့ရပ်ကွက်မှာအချိန်ပိုင်းအလုပ်သမားမခေါ်ဘူးလား"
" ခေါ်တယ်လေး...စားပွဲထိုး"
" ဟုတ်လား...ဘယ်ဆိုင်လဲပြောပြပါလား..."
" နင်ကဘာလုပ်ဖို့လဲ..."
" ငါ့ကျောင်းစရိတ်ကိုငါ့ဘာသာငါရှာချင်လို့ပါ"
" ဪ...အင်းပါ...ဗဟိုလ် Coffee ဆိုင်...
လူကအခုဆို လိုမလိုတော့ ငါလဲမသိဘူး
နင်သွားကြည့် လိုက်လေး..."" အင်းပါ "
နေ့လည်ပိုင်း အတန်းဆင်းချိန် သူမ ထမင်းစားပြီး စက်ဘီးလေးနှင့် ဝတ်ရည်ပြောသည့်
ဗဟိုလ် Coffee ဆိုင်သို့သွားကြည့်လေသည်...
တံခါးတွင် အချိန်ပိုင်းအလုပ်သမား အလိုရှိသည်
ဟုစာကပ်ထားသည်..." ဆိုင်ရှင်တို့...ဆိုင်ရှင်တို့..."
" ကောင်မလေး...ဘာကိစ္စရှိလို့လဲ "