Unicode...
စည်းတစ်ဖက်ကမ်းလွန်သော်
အပိုင်း - ၄
ဒယ်ဒီက အရင်ကဆို ဘယ်အရမဆို သူ့ကိုအရင်မေးတက်သူဖြစ်သည် ယခုကမယားပါသမီးကိုအရင် စိတ်ရှည်ကာမေးမြန်းပြောပြနေသည့်အတွက် ထိုထမင်းဝိုင်းထဲသူဆက်၍မထိုင်ချင်တော့သောကြောင့်ပင်ဖြစ်သည်...
" ပုလဲ ဒီမှာနေရတာအဆင်ပြေရဲ့လား..."
" ပြေပါတယ် အစ်ကို...အစ်ကို့ကျေးဇူးကြောင့်
အခုလို ပုလဲတို့သားအမိဒုက္ခမရောက်တာပါ"" မဟုတ်တာ...ပုလဲရာ...အဲ့အကြောင်းတွေသမီး
ခ အရှေ့မပြောနဲ့လေး...အနာဂတ်အတွက်ဘဲ
တွေးပေးနော..."" ဟုတ်ကဲ့..."
ခ ထမင်းစားပြီး ပန်းကန်များဆေးပြီးသော်
အခန်းထဲ ပြန်သွားလေသည်...အရင်ကဖြစ်ရပ်တစ်ချို့သူမအတွေးထဲရောက်လာခဲ့သည်..." ပုလဲ...ဟဲ့ပုလဲ...ညည်းငါ့ဆီငွေတိုးယူတာ လအရမ်းကြာနေပြီးနော...အခုဘယ်လိုဆပ်မှာလဲ
ပြော..."အကြွေးရှင် ဒေါ်မပုကအိမ်ရှေ့တွင်အကြွေးဝင်
တောင်းလေသည်..." မပုရယ် ပုလဲအဆင်မပြေသေးလို့ပါ...
အဆင်ပြေတဲ့နေ့အတိုးရောအရင်းရော
အကုန်ပြန်ဆပ်ပါ့မယ်..."" ညည်းအဆင်ပြေမဲ့နေ့ကရော ရှိလာဦးပါ့မလား"
" ကိုအောင်ဘကလဲအိပ်ရာထဲလဲနေလို့ပါ...
ကျွန်မ မှာ ငွေကို စားဖို့ဘဲရှာလို့ရလို့ပါ..."ဒေါ်ပုလဲ မျက်ရည်နှင့် ဝမ်းနည်းစွာပြန်ပြောမိသည်...
" ဘာလဲငါ့ကိုမျက်ရည်ချူပြနေတာလားဟမ်း..."
" မဟုတ်ပါဘူးမပုရယ် ကျွန်မဘယ်လိုမှမတတ်နိုင်လို့ပါ..."
" မတက်နိုင်ဘူးလို့သာပြောနေတာ...ညည်းသမီး
ကိုကျတော့ ညည်းကျောင်းထားနိုင်တယ်
ငါစကားနောက်ဆုံးပြောမယ်...ငါ့ပိုက်ဆံကို
တစ်တစ်လအတွင်းဆပ်ရင်ဆပ်မဆပ်လို့က
တော့ ဒီအိမ်ပေါ်ကနေ ညည်းတို့မိသားစုတွေ
အကုန်ဆင်းပေးရမယ်..."" ကျွန်မ ကြိုးစားပြီးရှာကြည့်ပါ့မယ်..."
" မလိုချင်ဘူး...တစ်လအတွင်းနော...ဒါဘဲ"
