ချာတိတ်က မျက်နှာကြီးသုန်မှုန်ပြီး ကျောက်ရုပ်တစ်ရုပ်လိုကားပေါ်ထိုင်လိုက်လာတယ်။နေလင်းဘက်ကိုလည်းမကြည့်သလို စကားတစ်လုံးမှလည်းသူ့ဘက်ကစမပြော။အိမ်ကိုပြန်ရောက်ပြီဆိုကတည်းက သူနေရမယ့်အခန်းကိုမေးပြီး ခုတင်ပေါ်တန်းအိပ်သွားတယ်။။ခုနက သူပြောတာများလွန်သွားလားလို့ နေလင်းပြန်စဉ်းစားနေမိတယ်။ကလေးတွေဟာ တဇွတ်ထိုးသိပ်လုပ်ကြတာဘဲ။အခုကရော သူ့ကိုစိတ်ဆိုးနေတဲ့အခြေအနေလား။ဟုတ်ပါတယ်လေ...ချက်ချင်းကြီးချာတိတ်အနေနဲ့ဘယ်နေသားကျဦးမလဲ။ခုတင်ပေါ်မှာ လူးလိမ့်နေပုံထောက်ရင် ချာတိတ်ဗိုက်ဆာနေလို့ဖြစ်လောက်မယ်။
"တစ်ခုခုထစားဦး"
"..."
သူ့လေသံက အနည်းငယ်မာနေလို့ထင်တယ်။ချာတိတ်က လှည့်တောင်မကြည့်ဘဲ စောင်ကိုခေါင်းမြီးခြုံထားတယ်။ဒါနဲ့ဘဲ သူ့စိတ်ကိုလျှော့လိုက်ပြီး အတတ်နိုင်ဆုံး အားပျော့တဲ့အသံဘက်ကိုပြောင်းလိုက်တယ်။
"ကိုယ်တို့က ရန်သူမှမဟုတ်တာ ချာတိတ်ရာ။တစ်ခုခုတော့ ပြန်ပြောမှပေါ့ ဟုတ်လား"
"..."
"ချာတိတ် ကိုယ်ပြောတာကြားသလား"
"ကြားတယ်လေ ကြားတယ် စကားမပြောချင်လို့မသိချင်ယောင်ဆောင်နေတာ။ကျွန်တော် ဦးနေနဲ့စကားမပြောချင်ဘူး"
"အိုခေ ခုနကကိုယ်လွန်သွားတယ်။ထမင်းကြော်မစားချင်ရင် ချာတိတ်ဘာစားတတ်လဲ။ဘာစားချင်လဲ"
"ကော်ဖီနဲ့အသားညှပ်ပေါင်မုန့်"
"ကော်ဖီသောက်တယ်ဆိုတိုင်း smartကျတာတော့မဟုတ်ဘူး ချာတိတ်ရ။မသောက်နိုင်ရင် မသောက်လည်းရတယ်။အဲဒီအစား ချောကလက်ပူပူလေးသောက်ချင်လား ကိုယ့်ကိုပြောကြည့်"
ဉာဏ်ခ ကော်ဖီမသောက်နိုင်ဘူးဆိုတာကို ဦးနေကသိနေတော့ မျက်ခုံးလေးပင့်သွားမိတယ်။ထမင်းမစားရရင်ပြီးရော ပါးစပ်ထဲတွေ့တာလျှောက်ပြောလိုက်ပေမယ့် ကော်ဖီရဲ့ခါးသက်သက်အရသာကို သူတကယ်မနှစ်သက်။ကော်ဖီအရမ်းကြိုက်တဲ့စုစုကို ကိုယ့်ပိုက်ဆံကိုယ်ဘာကြောင့်များ ခါးတာတွေဝယ်သောက်လဲလို့ ဉာဏ်ခပြောရင် စုစုကသိပ်စိတ်ဆိုးတာ။သူငယ်ချင်းတွေဆုံလို့ ကော်ဖီဆိုင်သွားကြရင်တောင် ဉာဏ်ခကချောကလက်မစ်ရှိတ်ဘဲသောက်နေကျ။
YOU ARE READING
My Mother's Ex Became My Beloved Hubby
Romanceဦးနေလင်းထွဋ်×စိုင်းစက်ဉာဏ်ခ အသက်နှစ်ဆယ်ကျော်ကွာပြီး ဦးနဲ့ချာတိတ် ဇာတ်လမ်းလေးပါ။ ချစ်ခြင်းမေတ္တာကိုဘဲ ဦးစားပေးမှာမို့ ခပ်ငြိမ့်ငြိမ့်လေးပါဘဲ။