Part-2

4.6K 180 10
                                    

ကျောင်းကန်တင်းတို့ရဲ့ထုံးစံအတိုင်း စကားပြောသံတို့ညံစီနေပြီး ဆူညံနေကြတယ်။ကိုယ့်အုပ်စုနဲ့ကိုယ်အဖွဲ့ကျနေကြပြီး အာပေါင်အာရင်းသန်သန်စကားတွေဖောင်ဖွဲ့နေကြတာမပြီးတော့။တက္ကသိုလ်ကျောင်းသားဘဝရဲ့ လွတ်လပ်မှုဆိုတာ ဒါမျိုးဘဲနေမှာ။တစ်ချို့မိန်းကလေးတွေရဲ့အာရုံစိုက်မှုဟာ လူသုံးယောက်ထိုင်နေတဲ့ဝိုင်းကို သိသိသာသာကိုရောက်နေကြတယ်။တစ်ချို့ကလည်း မသိမသာလေးချောင်းကြည့်ကြပြန်တယ်။သူတို့ငေးလည်းငေးချင်စရာကောင်းလောက်အောင် Lawရဲ့Kingနဲ့သူ့သူငယ်ချင်းတွေထိုင်နေကြတာကို။

စိုင်းစက်ဉာဏ်ခ၊လင်းခံ့ညားနဲ့ချစ်စုစုမိုးဆိုတဲ့ သုံးယောက်က တတိယနှစ်Lawကျောင်းသားတွေ။ပထမနှစ်လောက်ကတည်းက တပူးပူးတတွဲတွဲမြင်နေရတာဖြစ်ပြီး အစပိုင်းမှာတော့ တစ်ချို့တွေဆို ဉာဏ်ခနဲ့လင်းခံ့နားနေခွင့်ရတဲ့ချစ်စုကိုအမြင်ကပ်ကြတယ်။ဉာဏ်ခက ရည်းစားတွေထည်လဲတွဲပြီး ရှုပ်တယ်၊ပွေတယ်ဆိုပေမယ့် သူနဲ့တွဲချင်ပါတယ်ဆိုတဲ့လူတွေက ဒုနဲ့ဒေးဘဲ။ယောက်ျားလေး၊မိန်းကလေး အရုပ်လတ်မြတ်မရွေး သူကတွဲတယ်။တစ်ခါတလေဆို တစ်လတောင်မခံကြဘဲ တစ်ပတ်နဲ့တင်ပြတ်ကြတာလည်းရှိတယ်။ဒါပေမယ့် ရည်းစားဟောင်းတိုင်းကို သူငယ်ချင်းအဖြစ်ထားနိုင်တာကလည်း ဉာဏ်ခရဲ့အရည်အချင်းဘဲ။

"အဲဒီတော့ မင်းကဘဲကြီးကိုမြင်မြင်ချင်းကြွေသွားတယ်ပေါ့ ဟုတ်လား ဉာဏ်ခ"

ပိုက်ကိုကိုက်ပြီးဇီးဖျော်ရည်သောက်နေတဲ့ဉာဏ်ခက လင်းခံ့ရဲ့အမေးကြောင့် ခေါင်းမော့လာတယ်။သူ့မူပိုင် နှုတ်ခမ်းတစ်ဖက်တည်းကိုအားပြုပြုံးလိုက်ပြီး အတွေးထဲမှာ မျောဝင်သွားတယ်။

"ကြွေတယ်ရယ်လည်းမဟုတ်ပါဘူး။သူ့ပုံစံက သာမန်ထက်ထူးကဲနေလို့ စိတ်ဝင်စားမိရုံဘဲ။အချစ်ဆိုတဲ့ ခံစားသက်ဝင်မှုမျိုးမဟုတ်ဘူးကွာ နားလည်လား။ငါ့အတွက်တော့ အချစ်ဆိုတာသိပ်ကိုထူးခြားလေးနက်တယ်"

"တွဲသမျှလူတိုင်းကို ချစ်တယ်ပြောနေတဲ့လူက ခံစားသက်ဝင်မှုလေးဘာလေးနဲ့ ကြီးကြီးကျယ်ကျယ်တွေပြောနေသေးတယ်"

My Mother's Ex Became My Beloved HubbyWhere stories live. Discover now