နေလင်း ဝရန်တာကနေ ခြံထဲကို အခါများစွာလှမ်းကြည့်နေရင်းက နေမထိထိုင်မသာဖြစ်ပြီး သူဖတ်နေတဲ့စာအုပ်ကိုစားပွဲပေါ်ပစ်တင်လိုက်တယ်။သူ့မြင်ကွင်းထဲမြင်နေရတဲ့ ခြံထဲကဒန်းပေါ်မှာ ကွေးကွေးလေးအိပ်နေတဲ့ချာတိတ်ပုံရိပ်က သူ့ကိုရတက်မအေးဖြစ်စေတယ်။ရှုပ်ထွေးလာတဲ့စိတ်တွေကြောင့် သော့ကိုယူပြီး အိမ်အောက်ထပ်ကိုဆင်းလာခဲ့လိုက်တယ်။တစ်အိမ်လုံးမှောင်မည်းပြီးတိတ်ဆိတ်နေတော့ နေလင်းကမီးခလုတ်တွေကိုအရင်ဖွင့်လိုက်ပြီးမှ အိမ်တံခါးကိုဖွင့်တယ်။ချာတိတ်အနားရောက်တာနဲ့ ဒူးခေါက်ကွေးအောက်လက်လျှိုပြီး ပွေ့ချီလိုက်ပေမယ့် သေးကွေးတဲ့ခန္ဓာကိုယ်ဟုတ်မနေတော့ အရှေ့ကိုယိုင်ကျသွားတယ်။ချာတိတ်အအိပ်မက်ပုံဟာ သူဒီလိုဗျာများနေချိန်မှာတောင် နိုးမလာခဲ့ပေ။
"ဦး...နေက လူအိုကြီး။ဦး...နေက လူယုတ်မာကြီး။ဦး...."
အိပ်မက်ယောင်ပြီးပြောနေပုံရတဲ့ချာတိတ်ဟာ ခဏလေးအတွင်းမှာဘဲပြန်အိပ်ပျော်သွားခဲ့တယ်။နေလင်းကငုံ့မိုးကြည့်လိုက်ပြီး ပြုံးတယ်။ချာတိတ်ကလေးက သူ့ကိုအိပ်မက်ထဲထိစိတ်ဆိုးနေတာဘဲ။ဒီကလေးဟာ အိပ်နေတဲ့တစ်ချိန်တော့တအားအပြစ်ကင်းလွန်းတယ်။နေလင်း ချာတိတ်ကိုအခန်းထဲထိပွေ့ချီသွားပြီး ခုတင်ပေါ်ချပေးလိုက်တယ်။အခုမှသတိထားမိတဲ့ ချာတိတ်နှုတ်ခမ်းဒဏ်ရာကြောင့် နေလင်းပြာပြာသလဲဖြစ်သွားပေမယ့် အိပ်ပျော်နေတဲ့ကောင်လေးကတော့ နှုတ်ခမ်းလေးဟပြီးအေးချမ်းစွာ အိပ်မောကျနေတယ်။တစ်ကိုယ်ရည်စာပူပန်လာမှုဟာထိန်းချုပ်မရတော့ ဆေးသေတ္တာကိုယူပြီး ချာတိတ်ကိုဆေးထည့်ပေးရတယ်။ညိုပြီးယောင်နေတဲ့ နှုတ်ခမ်းအပေါ်လွှာကို ရေခဲလေးနဲ့အသာဖိကပ်ပေးနေချိန်မှာ ချာတိတ်က လူးလွန့်လာတယ်။နေလင်းလက်ကိုရုတ်လိုက်ပေမယ့် ချာတိတ်ကပြန်ငြိမ်ကျသွားတယ်။သက်ပြင်းရှည်ကြီးရဲ့နောက်မှာ စိုးရိမ်ထိတ်လန့်မှုတွေကပ်ပါသွားတယ်။ACကိုချိန်ပြီး ချာတိတ်ရင်ဘတ်ထိလုံအောင်စောင်ခြုံပေးပြီးတော့ ခုတင်ဘေးမှာထိုင်နေရင်း ချာတိတ်ကိုတစိမ့်စိမ့်ထိုင်ကြည့်နေမိတယ်။ထို့နောက် သူစိတ်မထိန်းနိုင်စွာနားသယ်စပ်လေးကိုဖိကပ်နမ်းလိုက်တော့ ချာတိတ်သုံးနေကျရှန်ပူအနံ့လေးက နှာဖျားထဲတိုးဝင်လာတယ်။

YOU ARE READING
My Mother's Ex Became My Beloved Hubby
Romanceဦးနေလင်းထွဋ်×စိုင်းစက်ဉာဏ်ခ အသက်နှစ်ဆယ်ကျော်ကွာပြီး ဦးနဲ့ချာတိတ် ဇာတ်လမ်းလေးပါ။ ချစ်ခြင်းမေတ္တာကိုဘဲ ဦးစားပေးမှာမို့ ခပ်ငြိမ့်ငြိမ့်လေးပါဘဲ။