ပင်ပန်းပြီးအိပ်ငိုက်နေပုံရတဲ့ချာတိတ်က ကားမောင်းနေတဲ့နေလင်းဘက်ကို ရံဖန်ရံခါပြိုကျလာတတ်တယ်။ခေါင်းဆောင့်
မိမှာစိုးရိမ်လို့ လက်တစ်ဖက်နဲ့ချာတိတ်ခေါင်းကိုထိန်းကိုင်ပြီး ကားကိုအရှိန်လျှော့ပြီးမောင်းလာခဲ့ရတယ်။မေမေတို့ကားက ရှေ့ကနေကြိုထွက်သွားတာကြောင့် အခုချိန်လောက်ဆိုအိမ်ပြန်ရောက်နေလောက်ပြီ။ချာတိတ်နဲ့အတူတူအိမ်ကိုလာခဲ့ဖို့ မှာလိုက်သေးတာကြောင့် နေလင်းကအိမ်ကိုတန်းမပြန်ဘဲ မေမေ့ဆီလှည့်မောင်းခဲ့ရတယ်။သတို့သားဝတ်စုံဖြစ်တဲ့ ခဲရောင်တိုက်ပုံကို ချာတိတ်ကချွတ်ထားပေမယ့် ရှပ်အင်္ကျီတစ်ခုလုံးချွေးတွေစိုရွှဲနေခဲ့တယ်။ငယ်ငယ်ကလိုဘဲ အပူဒဏ်မခံနိုင်တဲ့ချာတိတ်ကလေးဖြစ်နေဦးမယ် ထင်တယ်။ခပ်ဟဟပွင့်နေတဲ့ပါးစပ်လေးကို နေလင်းကလှည့်ကြည့်လိုက်ပြီးမသိမသာလေးပြုံးလိုက်မိတယ်။အိပ်နေချိန်မှာတော့ ကလေးလေးတစ်ယောက်လိုအပြစ်ကင်းစင်နေလိုက်တာ။နေလင်း အိမ်ကိုရောက်ပြီဆိုတာနဲ့ မမကြီးနဲ့လင်းခံ့ကပြေးထွက်လာပြီး လာကြိုတယ်။ကလေးကိုနိုးသွားမှာစိုးရိမ်တာကြောင့်လက်ကာပြလိုက်တော့ မမကြီးတို့လည်းကိုယ်ရှိန်သတ်လိုက်တယ်။ချာတိတ်ကိုပွေ့ချီလိုက်ပြီး မမကြီးဘက်ကိုသူကြည့်လိုက်တယ်။
"ချာတိတ်ကိုသွားသိပ်လိုက်ဦးမယ်"
"အင်း မောင်ငယ် မမကြီးအခန်းရှင်းထားပေးတယ်"
နေလင်းခေါင်းညိတ်လိုက်ပြီး သူ့အခန်းရှိရာဆီ ချာတိတ်ကိုပွေ့ခေါ်ခဲ့တော့ အနောက်ဖျားဆီကစကားသံကြောင့် ရယ်လိုက်မိတယ်။
"မေမေသိလား အဲဒီကောင်က နာမည်နဲ့လိုက်အောင်ကို တကယ့်ဆင်ဘဲ။သူအိပ်ပြီဆို ဆင်တက်နင်းလည်းမနိုးဘူး။ကမ္ဘာပျက်နေလည်းမနိုးဘူး။နောက်ပြီး သူ့ကိုမိုမိုလို့ခေါ်ရင်လည်း ဒေါသထွက်သေးတာ။မိုမိုဆိုတာ ဆင်နာမည်ဘဲမဟုတ်ဘူးလား"
"မင်းအန်ကယ်လေးကြားသွားမယ်လေ ဒီကလေးကတော့"
"အန်ကယ်လေးနဲ့သူက ဘယ်ကနေဘယ်လိုတွေ့ပြီး ဘယ်လိုညားသွားကြလဲ လိုက်လို့ကိုမမီတော့ဘူး"
YOU ARE READING
My Mother's Ex Became My Beloved Hubby
Romanceဦးနေလင်းထွဋ်×စိုင်းစက်ဉာဏ်ခ အသက်နှစ်ဆယ်ကျော်ကွာပြီး ဦးနဲ့ချာတိတ် ဇာတ်လမ်းလေးပါ။ ချစ်ခြင်းမေတ္တာကိုဘဲ ဦးစားပေးမှာမို့ ခပ်ငြိမ့်ငြိမ့်လေးပါဘဲ။