ငိုက်စင်းလာတဲ့မျက်လုံးအခြေအနေကြောင့် မျက်မှန်ကိုချွတ်ပြီးခုံပေါ်တင်လိုက်တယ်။တစ်ပတ်ဆက်တိုက် Night dutyဆင်းထားရတဲ့အပြင် မနက်ခင်းတွေပြန်မအိပ်တတ်တဲ့အကျင့်ကြောင့် ဘယ်လောက်ဘဲလူကဒဏ်ခံနိုင်တယ်ဆိုဆို ခန္ဓာကိုယ်ကနွမ်းနယ်ချင်လာတယ်။ဒီနေ့တစ်နေ့တည်း လူနာအယောက်ငါးဆယ်ကိုကြည့်ပေးပြီး surgeryအသေးစားလေးတွေလည်းဝင်ထားရသေးတော့ နားချိန်မရှိအောင်ပင်ပန်းလွန်းတယ်။လူကတစ်ကိုယ်လုံးကိုက်ခဲနေပြီး ခါးတွေတောင်တောင့်နေသလိုခံစားရတယ်။ဖြစ်နိုင်ရင် အခုချက်ချင်းပစ်လှဲပြီးအနားယူချင်နေတဲ့ခံစားချက်မျိုး။အခုက သူ့ဂျူတီချိန်ပြီးပြီမို့ နေလင်းကဂျူတီကုတ်ကိုချွတ်လိုက်ပြီး သူ့ရင်ဘတ်ကနာမည်ကတ်ကိုဖြုတ်လိုက်တယ်။scrub suitကိုချွတ်ပြီး အဝတ်အစားလဲလိုက်ပြီးနောက် ချာတိတ်ဆီကိုဖုန်းဆက်လိုက်တယ်။နှစ်ခေါက်လောက်ခေါ်ကြည့်ပေမယ့်မကိုင်တာကြောင့် လူကစိတ်ထင့်လာတယ်။အိမ်ဖုန်းကိုပြောင်းဆက်ပြီး မကြာလိုက် တစ်ဖက်ကမကြီးအသံကိုကြားရတယ်။
"ဟယ်လို မကြီး ချာတိတ်ဘာလုပ်နေလဲ"
-အခန်းထဲမှာ နေလင်း။ဂိမ်းဆော့နေတာထင်တယ်။
"ထမင်းရော စားရဲ့လား"
-မစားဘူးကွယ်။ကလေးက တအားခေါင်းမာတာဘဲ။အသားဟင်းမပါလို့ မစားဘူးဆိုပြီးအခန်းထဲကအခန်းပြင်ထွက်မလာဘူး။
"အင်း ကျွန်တော်ခဏနေပြန်လာမှ တစ်ခုခုဝယ်လာခဲ့လိုက်မယ်။အိမ်မှာလည်း ချက်စရာအသားကမရှိဘူးမလား။မကြီးလည်း မနက်စျေးသွားပြီး ကလေးစားချင်တာလေးတစ်ခုခုတော့ သေချာချက်ကျွေးလိုက်ပါဦး။ဒီရက်ပိုင်း ကျွန်တော်လည်းအိမ်မကပ်တော့ ချာတိတ်ကိုဂရုမစိုက်သလိုဖြစ်နေတာ"
"အေးပါကွယ် မင်းပြောတဲ့ပုံက မသိရင်ကျုပ်ကဘဲဟင်းမချက်ကျွေးသလိုလို။မင်းရဲ့ချာတိတ်ကိုက ဦးနေချက်တာလောက်တောင် ကြီးကြီးချက်တာကမကောင်းဘူးဆိုပြီး ကျုပ်ကိုအမြဲပြောပြောနေတာကိုရောသိရဲ့လား။တကယ်တည်းမှ တစ်ယောက်ကိုတစ်ယောက်ပတ်ပြီးချီးကျူးနေကြတာ"
နေလင်းက အသံထွက်ရုံလေးခပ်ဟဟရယ်မောလိုက်တယ်။မကြီးအသံက မကျေနပ်လို့သူ့ကိုတိုင်နေသလိုလို။သူ့ချာတိတ်က ဂျစ်တူးလေးဆိုတာသိပေမယ့် ဆိုးသွမ်းတယ်လို့ပြောလို့ရတာမျိုးမှမဟုတ်တာ။ဒီအတိုင်း ကလေးတွေဆိုးကြသလိုပါဘဲ။
YOU ARE READING
My Mother's Ex Became My Beloved Hubby
Romanceဦးနေလင်းထွဋ်×စိုင်းစက်ဉာဏ်ခ အသက်နှစ်ဆယ်ကျော်ကွာပြီး ဦးနဲ့ချာတိတ် ဇာတ်လမ်းလေးပါ။ ချစ်ခြင်းမေတ္တာကိုဘဲ ဦးစားပေးမှာမို့ ခပ်ငြိမ့်ငြိမ့်လေးပါဘဲ။