Part(13)

3.1K 137 8
                                    


အခန်းတံခါးကို ခပ်ဖွဖွတွန်းဖွင့်လိုက်ချိန်မှာ သူ့နှာဖျားထဲတိုးဝင်လာတဲ့ ခပ်သင်းသင်းမွှေးပျံ့နေတဲ့ရနံ့ကြောင့် ဉာဏ်ခစိတ်တွေလန်းဆန်းလာသလိုခံစားလိုက်ရတယ်။သူ့ကိုကျောပေးရပ်ထားတဲ့ဦးနေက နာရီပတ်နေရင်းအနောက်ကိုလှည့်ကြည့်တယ်။ပြီးနောက် သူ့ပုံစံအတိုင်း ဘာမှတ်ချက်မပြုဘဲ အရှေ့ကိုပြန်လှည့်သွားတာကြောင့် ဉာဏ်ခစိတ်ထဲတင်းသွားတယ်။ဦးနေအနားကိုခပ်သွက်သွက်လျှောက်သွားလိုက်ပြီး ပုခုံးကနေကိုင်ကာ သူနဲ့မျက်နှာချင်းဆိုင်အနေအထားသို့ဆွဲလှည့်လိုက်တော့ ဦးနေက မျက်ခုံးနှစ်ဖက်ကိုပင့်တင်ပြီး မေးဆတ်ပြတယ်။သဘောကတော့ ဘာဖြစ်တာလဲဆိုတဲ့သဘော။သို့ပေမယ့် သူဘာကိုအလိုမကျလို့ အခုလိုလုပ်လိုက်မိသလဲဆိုတာ သူ့ကိုယ်သူတောင်မသိပေ။ ဦးနေကိုပြောမယ့်စကားတွေဟာ သူ့လည်ချောင်းဝမှာတစ်ဆို့နေပြီး ဘာမှထွက်မလာပေ။အရင်နေ့တွေကထက် အများကြီးပိုခံ့ညားပြီး ကြည့်ကောင်းနေတဲ့ဦးနေကြောင့် သူ့ရင်ခုန်သံတွေကတောင်သူ့ကိုသစ္စာဖောက်နေတယ်။အာခေါင်ကခြောက်ကပ်နေတာကြောင့် မလိုအပ်ပါဘဲခဏခဏတံတွေးမြိုချမိပြန်တယ်။နဖူးကိုဆတ်ခနဲတောက်ခံလိုက်ရတာကြောင့် ဉာဏ်ခအသိစိတ်ကပ်သလိုဖြစ်သွားတယ်။သူ့အနားကို ဦးနေကတဖြည်းဖြည်းတိုးလာပြီး နှာဖျားတစ်ထောက်စာလောက်သာကွာဝေးတော့တဲ့အနေအထားမှာ သူ့စိတ်တွေအစိုးမရချင်တော့။မျက်မှန်နဲ့လောကကြီးကိုဘောင်ခတ်ပြီးကြည့်နေမယ့်အစား သူ့အချစ်တွေကိုမြင်အောင်ကြည့်စေချင်မိတာ။သူဘာတွေပြောင်းလဲနေတယ်ဆိုတဲ့အသေးစိတ်ကအစ ဦးနေကိုသတိထားမိစေချင်နေတော့တာ။

"ကိုယ့်မျက်နှာမှာ တစ်ခုခုပေနေလို့လား။ဘာကြောင့် စိုက်ကြည့်နေသလဲ ချာတိတ်"

ဦးနေအသံဟာ ခပ်ရှရှနဲ့အလွန်အမင်းချိုမြိန်နေတာမျိုး။ဝင်သက်ထွက်သက်ဟာ သူ့မျက်နှာဆီအရိုင်းဆန်စွာဖြတ်ပြေးလာတာများ အတင့်ရဲစွာ။ဦးနေက သူ့ခါးကိုသန်မာတဲ့သူ့လက်တွေနဲ့ဖက်တွယ်လိုက်တော့ ရင်ဘတ်​ချင်းဟာထိကပ်လျက်သားဖြစ်သွားတော့တယ်။

"မေးနေရင်ပြန်ဖြေမှပေါ့။ကလေးတွေက သိပ်ကိုမှရိုင်းတာဘဲ"

ဉာဏ်ခက ဦးနေရဲ့မျက်လုံးတည့်တည့်ကိုစိုက်ကြည့်လိုက်ပြီး နှုတ်ခမ်းတစ်ဖက်တည်းကိုအားပြုပြုံးတယ်။အရပ်ချင်းမကွာတာမို့ သူတို့နှစ်ယောက်ရဲ့အကြည့်တွေမှာ တစ်ယောက်ပုံရိပ်ဟာ တစ်ယောက်မျက်လုံးထဲမှာ အထင်းသား။ဉာဏ်ခက ဦးနေရဲ့နားရွက်နားကိုကပ်သွားလိုက်ပြီး...

My Mother's Ex Became My Beloved HubbyWhere stories live. Discover now