နေလင်းဆေးရုံကအပြန် ချိန်းထားတာလေးတစ်ခုရှိတာနဲ့ ဆေးရုံနဲ့သိပ်ပြီးအလှမ်းမဝေးလှတဲ့ ကော်ဖီဆိုင်လေးဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တယ်။ဆိုင်အပြင်အဆင်လေးက မျက်စိအေးစေပြီး တိတ်ဆိတ်ငြိမ်သက်မှုကိုလည်းခံစားရတယ်။နေလင်းအတွက် ပိုပြီးထူးဆန်းတာက ဆိုင်အဝင်အဝမှာထောင်ထားတဲ့ ဘုတ်ပြားပေါ်ကစာသားလေးဘဲ။စိတ်ထဲတစ်မျိုးတစ်မည်နဲ့ ခံစားချက်ကိုပေးစွမ်းနိုင်တယ်။ဒါလေးတွေကလည်း လူငယ်တွေအကြိုက်စိတ်ဝင်စားအောင်လုပ်နည်းတစ်မျိုးဘဲ ဖြစ်မှာပေါ့။
"ဘယ်အရပ်မှာ ဘယ်သူနဲ့ရှိရှိ
ကျန်းမာစေချင်တယ်။
လမ်းသာစေချင်တယ်။
စိတ်ကလေးငြူစူမှာကို ရင်ထိတ်ရပြန်တယ်။
အဝေးကစိတ်ပူရတာလည်း မေတ္တာဘဲ။
စက္ကန့်တိုင်းဟာ လွမ်းနာကျတာပါဘဲ။
ယနေ့ လူသားတစ်ယောက် လွမ်းနာကျနေပါသတဲ့"စာဖတ်မြန်သူမို့ မျက်လုံးလေးဝေ့ကြည့်လိုက်တာနဲ့တင် စကားလုံးလေးတွေကို မှတ်မိသွားခဲ့တယ်။အချစ်ဟာသူ့ဘာသာလေးတည်ရှိနေတာဆိုပေမယ့် လူသားတစ်ယောက်နဲ့တစ်ယောက်မှာတော့ အချစ်ကိုဖွင့်ဟပုံချင်းတူချင်မှတူကြလိမ့်မယ်။ဒါပေမယ့်တူကြတာတစ်ခုကတော့ အချစ်ဆိပ်တက်ရင်လွမ်းဖျားဖျားနိုင်သတဲ့။နေလင်း အတွေးတွေဟာ သူနဲ့ချိန်းဆိုထားတဲ့ဧည့်သည်ကိုမြင်လိုက်ချိန်မှာတော့ ပြတ်တောက်သွားခဲ့တယ်။နေလင်းက အရှေ့ကအမျိုးသမီးဆီမှာထိုင်ခွင့်တောင်းလိုက်ပြီး ခုံမှာဝင်ထိုင်လိုက်တယ်။
"ငါနဲ့ဘာကြောင့်များတွေ့ချင်ရသလဲ အရီ"
"ဘာဖြစ်ရမလဲဟယ် သားကြောင့်ပေါ့။သားရဲ့အခြေအနေလေးကို သိချင်လို့လေ။အဆင်ပြေရဲ့လား"
"တိုးတက်လာတယ်လို့တော့ ပြောလို့ရပါတယ်။ဒါပေမယ့် အချိန်တော့ယူရမှာပေါ့။ငါ့အနေနဲ့ သူ့အပေါ်အရမ်းကြီးတင်းကြပ်လို့လည်းမရဘူးလေ"
"ဘာဘဲဖြစ်ဖြစ် တကယ်တော်သေးတာပေါ့။ကျေးဇူးတင်ပါတယ် နေလင်းရယ်။မိုမို့ကို ငါတို့နဲ့အဆက်အသွယ်မလုပ်စေနဲ့နော်။ကိုကြီးကသိတဲ့အတိုင်း သူ့သားအသံမကောင်းတာနဲ့ အကုန်လိုက်လျောချင်နေတာ"
YOU ARE READING
My Mother's Ex Became My Beloved Hubby
Romanceဦးနေလင်းထွဋ်×စိုင်းစက်ဉာဏ်ခ အသက်နှစ်ဆယ်ကျော်ကွာပြီး ဦးနဲ့ချာတိတ် ဇာတ်လမ်းလေးပါ။ ချစ်ခြင်းမေတ္တာကိုဘဲ ဦးစားပေးမှာမို့ ခပ်ငြိမ့်ငြိမ့်လေးပါဘဲ။