"ဒါဆို အိမ်မှာချာတိတ်တစ်ယောက်တည်းပေါ့။မကြီးကရော"
-မေမေဆင့်တို့အိမ်သွားတယ်။သူလည်း အိမ်မှာတစ်ယောက်တည်းနေရတာပျင်းလို့တဲ့။
"ကျစ်!မကြီးတို့က မဟုတ်သေးပါဘူး။ကလေးကိုအိမ်မှာတစ်ယောက်တည်း ထားခဲ့လို့ရမလား"
-ကလေးဆိုတာ ချစ်စနိုးနဲ့ခေါ်တာမျိုးမဟုတ်လား ဦးနေ။
တစ်ဖက်က ရယ်သံသဲ့သဲ့နဲ့အတူ ခပ်ထေ့ထေ့စကားသံဟာ နေလင်းနားစည်ထဲညင်သာစွာရိုက်ခတ်တယ်။
"ပေါက်လွတ်ပဲစားတွေ ပြောမနေဘဲ video callဖွင့်ထား။ကိုယ်အခုပြန်လာနေပြီ"
တစ်ခဏလေးအတွင်းမှာဘဲ ဖုန်းကောလ်ကျသွားပြီး My Mochiလို့မှတ်ထားတဲ့ Nicknameကဖုန်းစခရင်ထက်ပေါ်လာတယ်။နေလင်း ကားမောင်းနေရင်းမှacceptလုပ်လိုက်တော့ တစ်ဖက်က ကြည်လင်နေတဲ့မျက်နှာလေးဟာ သူ့မြင်ကွင်းထဲပေါ်လာတယ်။
"ခေါင်းလျှော်ထားတာလား"
"ဟုတ်တယ် ခုနတင်ရေချိုးပြီးထွက်လာတဲ့အချိန် ဦးနေဖုန်းဆက်လို့"
"ဆံပင်ခြောက်အောင်သုတ်ဖို့ ကိုယ်ခဏခဏမပြောဘူးလား မိုမို။အခုတော့ခေါင်းမှာ ရေစက်လက်နဲ့။ဒီလောက်မိုးချုပ်နေတာကို မနက်မှခေါင်းလျှော်လို့မရဘူးလား။နေ့တိုင်း ရေချိုးရင်ခေါင်းလျှော်နေတာကမဟုတ်သေးဘူးလေ။မင်းဖျားရင် အလုပ်ပိုရတာကိုယ်ဘဲ။ကိုယ့်ကြည့်တော့ ချူချာကချူချာနဲ့"
နေလင်းအသံက ခပ်ဆတ်ဆတ်ဖြစ်နေတာကြောင့် တစ်ဖက်ကချာတိတ်ကတော့ အလိုကျပုံမပေါ် မျက်ခုံးတွေတွန့်ချိုးထားတယ်။ချာတိတ်က ဝမ်းလျားမှောက်အိပ်နေရာကထထိုင်ပြီး ဖုန်းကင်မရာကိုမြင်ကွင်းတစ်ခုလုံးမြင်သာအောင်ချိန်လိုက်တယ်။
"ဆူလို့ဝပြီလား"
"မင်းမလိမ္မာလို့ပြောနေရတာ "
"ဦးနေကိုက မျက်စိဒေါက်ထောက်ကြည့်ပြီး လိုက်ပြောနေတော့တာ။ရေနွေးအိုးလိုဘဲ ဆူလိုက်တာလွန်ပါရော"
"ဂရုစိုက်ပေးနေတာ"
စိုင်းစက်ဉာဏ်ခဆီက တုံ့ပြန်သံတစိုးတစိမှမကြားရတော့။မျက်နှာကိုဘေးလှည့်ကာ ခိုးပြုံးလိုက်သည်ကိုတော့ သူကိုယ်တိုင်သာအသိဆုံး။
YOU ARE READING
My Mother's Ex Became My Beloved Hubby
Romanceဦးနေလင်းထွဋ်×စိုင်းစက်ဉာဏ်ခ အသက်နှစ်ဆယ်ကျော်ကွာပြီး ဦးနဲ့ချာတိတ် ဇာတ်လမ်းလေးပါ။ ချစ်ခြင်းမေတ္တာကိုဘဲ ဦးစားပေးမှာမို့ ခပ်ငြိမ့်ငြိမ့်လေးပါဘဲ။