ကံ့ကော်မြေဟုတင်စားခေါ်ဝေါ်ကြတဲ့ ရန်ကုန်တက္ကသိုလ်ကြီးရဲ့အဓိပတိလမ်းမှာခြေချင်းလိမ်နေကြတဲ့ကျောင်းသား၊ကျောင်းသူတွေဟာ ဟိုတစ်စ၊ဒီတစ်စ ပြန့်ကျဲလို့နေတယ်။တက္ကသိုလ်မြေမှာအစပျိုးခဲ့ကြတဲ့ရင်ခုန်သံတွေဟာလည်း တငြိမ့်ငြိမ့်နဲ့ရှင်သန်ပေါက်ဖွားခဲ့ကြလေတယ်။နေရာမတူ၊ဒေသမတူ၊လူမျိုးမတူပါဘဲ ဒီကျောင်းတော်ကြီးမှာ အရင်းနှီးဆုံးမိတ်ဆွေတွေဖြစ်လာခဲ့ကြတယ်။ခိုင်မာတဲ့သံယောဇဥ်တွေစတင်ချည်နှောင်ခဲ့ရာ ကံ့ကော်မြေ။ဘဝတက်လမ်းအတွက် ပညာတွေသင်ယူကြရင်း ကြင်ယာလည်းရှာကြရင်းနဲ့ကွဲခဲ့ရတဲ့အသည်းတွေဟာလည်းမရေမတွက်နိုင်ပေါ့။တစ်ချို့ကပညာရောကြင်ယာပါစုံသွားကြပေမယ့် တစ်ချို့တွေအတွက်တော့ ကြေကွဲစရာဇာတ်လမ်းတွေလည်းရှိခဲ့တာပါဘဲ။ဒီလိုဆိုပြန်တော့လည်း တက္ကသိုလ်မြေဟာ ပျော်ရွှင်ခြင်၊ဝမ်းနည်းခြင်းတို့ဒွန်တွဲလျက်ရှိပြီး လှိုက်ဖိုကြည်နူးရခြင်းတို့ကိုလည်း တပြိုင်တည်းပေးစွမ်းနိုင်တဲ့ နေရပ်ဌာနေဆိုလည်းမမှားဘူးပေါ့။
အချိန်အားဖြင့် နံနက်ရှစ်နာရီ။စုစုက နာရီကိုတကြည့်ကြည့်နဲ့ မျက်နှာကအတော်လေးဆူပုတ်လေပြီ။သူငယ်ချင်းတွေအတူဆုံမယ်ပြောထားတဲ့နေရာကို ထုံးစံအတိုင်းဉာဏ်ခတို့ကရောက်မလာသေးပေ။ဖုန်းကိုအကြိမ်ကြိမ်ဆက်ပေမယ့်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါတဲ့။လင်းခံ့နဲ့စုစုတို့နှစ်ယောက်လုံး ရာမညဆောင်မှာခြေရာချင်းထပ်အောင်ရှာခဲ့ကြပေမယ့်လည်း အခုထိရှာမတွေ့သေး။လွန်ခဲ့တဲ့တစ်နာရီလောက်ကတည်းကထွက်လာပြီပြောတဲ့သူက ကျောင်းကိုအခုထိမရောက်သေးတာကတော့မဖြစ်နိုင်။လင်းခံ့နဲ့စုစုတို့နှစ်ယောက်လုံး စစ်ကိုင်းလမ်းဘက်ကိုထွက်လာခဲ့ကြရင်း မျက်လုံးကိုလည်းအနားမပေးဘဲ ဟိုဟိုဒီဒီလှည့်ကြည့်နေကြတယ်။ဒီနေ့တော့ စိုင်းစက်ဉာဏ်ခကို သူတို့လုံးဝအလွတ်မပေးနိုင်ပေ။သူတို့ဆီကဘဲ အမြဲဂုန်းဆင်းနေပြီး သူပြန်ဝယ်ကျွေးရမယ့်အလှည့်ကျအရိပ်အယောင်တောင်ရှာမတွေ့တော့ပေ။
"စာကြည့်တိုက်ဘက်သွားကြည့်မလား လင်းခံ့"
"စိုင်းစက်ဉာဏ်ခက စာအုပ်အသံကြားနဲ့တင်မူးလဲနေတဲ့ကောင်လေ။စာကြည့်တိုက်ကို သွားတာဖြစ်နိုင်ပါ့မလား"
YOU ARE READING
My Mother's Ex Became My Beloved Hubby
Romanceဦးနေလင်းထွဋ်×စိုင်းစက်ဉာဏ်ခ အသက်နှစ်ဆယ်ကျော်ကွာပြီး ဦးနဲ့ချာတိတ် ဇာတ်လမ်းလေးပါ။ ချစ်ခြင်းမေတ္တာကိုဘဲ ဦးစားပေးမှာမို့ ခပ်ငြိမ့်ငြိမ့်လေးပါဘဲ။