ဉာဏ်ခ ညကတည်းကနေတောက်လျှောက် ဒေါက်တာ့ဆီဖုန်းဆက်ကြည့်ပေမယ့် ဒေါက်တာကလုံးဝမကိုင်ပေ။သူမို့လို့မကိုင်တာလားလို့တွေးကြည့်လိုက်သေးပေမယ့် ဒေါက်တာသူ့ဖုန်းနံပါတ်ကိုသိစရာအကြောင်းမှ ရှိမနေတာ။အိပ်ရာထဲမှာ လူးလိမ့်စဥ်းစားနေရင်း အလိုမကျတဲ့ခံစားချက်ကဘဲကြီးစိုးလာတယ်။စိုင်းစက်ဉာဏ်ခလိုလူကို ဒေါက်တာကဘာလို့ရှောင်နေရတာလဲ။သူ့ကိုသဘောမကျသလို၊စိတ်ရှုပ်စရာလူလို ဘာကြောင့်ဆက်ဆံရတာလဲ။သူ့ကိုမတူမတန်သလိုဆက်ဆံလွန်းလို့ ဒေါသထွက်ပေမယ့် မတွေ့ဘဲလည်းမနေနိုင်ပြန်။သူ့နဂိုစိတ်နဲ့သာဆို သူ့ကိုမျက်လုံးလှန်ကြည့်တာနဲ့အရိုးကျိုးအောင် ရိုက်ချိုးပစ်ခဲ့လိုက်မှာဆိုပေမယ့် ဒေါက်တာ့ရှေ့ရောက်တိုင်း သူအားနည်းသွားသလို ဒေါက်တာ့ရဲ့အရှိန်အဝါတွေက လွှမ်းမိုးထားတယ်။ဉာဏ်ခဖုန်းကိုယူကြည့်လိုက်တော့လည်း ဂရုထဲကလင်းခံ့တို့စာတွေအပြင် မစ်စ်ကောလ်လေးတစ်ခုတစ်လေတောင်ရှိမနေလို့ ဒေါသထွက်လာပြီး ဖုန်းကိုစားပွဲပေါ်ပစ်တင်လိုက်တယ်။ညကနေမနက်ထိ တစ်ခါလောက်တော့ဖုန်းကိုကိုင်မိမှာဘဲလေ။
မနေ့ကလည်း သူ့ကိုစာနာစိတ်မရှိဘဲ လမ်းမှာဘဲထားခဲ့တဲ့လူ။အခုလည်း အကြိမ်ရေတစ်ရာလောက်ရှိနေတဲ့ဖုန်းကောလ်တွေကိုမမြင်လို့ သူ့ကိုပြန်မခေါ်တာလား။ကိုယ့်စိတ်ကိုယ်နားမလည်နိုင်လောက်အောင်ဘဲ ဒီလူကြီးနဲ့ပက်သက်ရင် ဉာဏ်ခစိတ်တွေရှုပ်ထွေးနေခဲ့တယ်။မသိစိတ်ကနေ သွားပါ၊သွားပါလို့လှုံ့ဆော်နေသလို ဉာဏ်ခလှမ်းချင်တဲ့ခြေလှမ်းတိုင်းကို လူကြီးကပိတ်ဆို့ပစ်ပြီး မိတ်ဆွေတောင်ဖြစ်ခွင့်မရှိအောင်တားဆီးတယ်။
"သောက်ကျိုးနည်း လူကြီးဘဲ။ငါ့ကိုလာကြောချင်နေတာလား။ခင်ဗျားလောက်ကတော့ အခွံခွာပြီးပြုတ်သောက်ပစ်လိုက်မယ်"
"စိုင်းစက်ဉာဏ်ခဗျ။လူတကာကိုပလေးလာတာ ခင်ဗျားလိုသောက်ကျိုးနည်းလူကြီးကို နည်းနည်းတောင်ငြိတွယ်လိမ့်မယ်မထင်လိုက်နဲ့။ခင်ဗျားလိုလူကို ကျုပ်ကနည်းနည်းတောင်စိတ်မဝင်စားဘူး"
ဉာဏ်ခ အိပ်ရာထဲဆက်လှိမ့်နေလည်းဘာမှမထူးတော့တာမို့ ရေချိုးဖို့အပေါ်ပိုင်းအင်္ကျီကိုချွတ်လိုက်တယ်။အဆီပိုမရှိဘဲ တောင့်တင်းကျစ်လစ်နေတဲ့ခန္ဓာကိုယ်နဲ့အတူ အသားအရေရဲ့တောက်ပဝင်းလက်နေမှုဟာ နေရောင်ကြောင့်ဖြာထွက်နေတယ်။ဗွီပုံသဏ္ဍာန်မြောင်းကလည်း ထင်ထင်ရှားရှားသိမ်ဆင်းသွားပြီး ကြွက်သားစိုင်တွေကဝမ်းဗိုက်မှာနေရာယူတယ်။အားလုံးခြုံကြည့်လိုက်ရင် စိုင်းစက်ဉာဏ်ခဟာ ဘာကိုမှအပြစ်ပြောစရာမလိုအောင် ပြည့်စုံနေတဲ့လူသားတစ်ယောက်။ဒီလိုလူကို ဒေါက်တာကဘာလို့မနှစ်မြို့သလဲ အခုထိစဥ်းစားမရသေး။တွေးလေ တွေးလေ ဒေါသနဲ့အတူခံပြင်းလာရတယ်။
YOU ARE READING
My Mother's Ex Became My Beloved Hubby
Romanceဦးနေလင်းထွဋ်×စိုင်းစက်ဉာဏ်ခ အသက်နှစ်ဆယ်ကျော်ကွာပြီး ဦးနဲ့ချာတိတ် ဇာတ်လမ်းလေးပါ။ ချစ်ခြင်းမေတ္တာကိုဘဲ ဦးစားပေးမှာမို့ ခပ်ငြိမ့်ငြိမ့်လေးပါဘဲ။