အခုရက်ပိုင်း ဉာဏ်ခခြေငြိမ်နေတယ်။ကလပ်သွားဖို့လည်း သူ့မှာပိုက်ဆံမရှိသလို ဖဲဝိုင်းသွားဖို့လည်းသူ့မှာပိုက်ဆံရှိမနေ။လက်ထဲမှာလည်း တစ်ထောင်တန်နှစ်ရွက်ကိုင်ထားပြီး ဘာလုပ်လို့လုပ်ရမှန်းမသိ။ဦးနေပေးထားတဲ့ တစ်ပတ်စာမုန့်ဖိုးဟာ သုံးရက်ကတည်းက ကုန်သွားရှာပြီ။ညနေကျောင်းကပြန်ရောက်ပြီးကတည်းက ဘာမှလည်းလုပ်စရာရှိမနေတော့ ဂိမ်းထိုင်တိုက်နေလိုက်တယ်။ခုတင်ပေါ်မှာလူးလှိမ့်နေရင်း အချိန်တွေတဖြည်းဖြည်းကုန်လာတာကိုခံစားမိတယ်။နာရီကို လှမ်းကြည့်လိုက်တော့ ည7နာရီခွဲ။ဉာဏ်ခလည်းပျင်းလာတာနဲ့ အောက်ထပ်မှာရုပ်ရှင်ကြည့်နေတဲ့ ကြီးကြီးထားဆီဆင်းလာခဲ့လိုက်တယ်။
"ကြီးကြီးထား"
"ဟေ ...ပြောလေ သားဉာဏ်"
"ဘာကားကြည့်နေတာလဲ"
"အိန္ဒိယဇာတ်လမ်းတွဲပါတော်။ကြည့်နေကျအချိန်ရောက်တော့လည်း မကြည့်ရမနေနိုင်ပြန်ဘူး"
"ကြီးကြီးကလည်း အက်ရှင်ကားလေးဘာလေးကြည့်ပါလားလို့။ဒါကြီးမကြည့်တတ်ဘူး"
"ကြမ်းကြမ်းတမ်းတမ်း ထိုးလိုက်ကြိတ်လိုက်တွေကြည့်ရဲပါဘူးတော်။ကြီးကြီးက ခဏဘဲကြည့်မှာ ပြီးရင်သားဉာဏ်ကြည့်ချင်ကြည့်လေ"
"ကြည့်ပါဗျာ တကယ်ကဘာမှလုပ်စရာမရှိလို့ ပျင်းနေတာ။ဦးနေကလည်း ပြန်မလာသေးဘူး"
"စောသေးတာကို သားဉာဏ်ရဲ့။ဘာလဲ ဆူတဲ့အသံလေးမကြားရတော့ လွမ်းနေပြီလား"
"မဟုတ်ပါဘူး"
ကြီးကြီးထားက ဉာဏ်ခကိုစနောက်ပြီးရယ်တော့ သူပါရောပြီးလိုက်ရယ်မိတယ်။ကြီးကြီးထားပြောသလို သူ့ကိုယ်သူပြန်ပြီးမေးခွန်းထုတ်ကြည့်တော့ ဦးနေမရှိတဲ့အချိန်တိုင်းဟာ ခြောက်သွေ့သလိုခံစားရသတဲ့။ဆင်ဝင်အောက်မှာ ကားစက်ရပ်သံကိုကြားလိုက်တာနဲ့ မသိစိတ်ကလှုံ့ဆော်မှုကြောင့် သူပြေးသွားမိတယ်။
"သားဉာဏ် ချော်လဲတော့မှာဘဲ"
ကြီးကြီးထားရဲ့ဆူပူသံကိုကြားလိုက်ချိန်မှာ ဉာဏ်ခကအိမ်အပေါက်ဝကိုရောက်နေပြီ။ဦးနေက ကားထဲကနေဘာတွေကုန်းယူနေမှန်းမသိလို့ ဉာဏ်ခငြိမ်နေလိုက်တယ်။
YOU ARE READING
My Mother's Ex Became My Beloved Hubby
Lãng mạnဦးနေလင်းထွဋ်×စိုင်းစက်ဉာဏ်ခ အသက်နှစ်ဆယ်ကျော်ကွာပြီး ဦးနဲ့ချာတိတ် ဇာတ်လမ်းလေးပါ။ ချစ်ခြင်းမေတ္တာကိုဘဲ ဦးစားပေးမှာမို့ ခပ်ငြိမ့်ငြိမ့်လေးပါဘဲ။