Uni
"မ~~~မချစ်တဲ့မောင်"
🎀အပိုင်း ၄🎀
"ဒုန်း"
ယူနီဖောင်း ဝတ်စုံကို စိတ်အေးလက်အေး လဲပြီး မှန်တင်ခုံရှေ့ ထိုင်နေသော မြတ် ကို တွေ့လိုက်ရတော့ စျာန် စိတ်တွေ အလိုလို ပေါက်ကွဲချင်လာလေသည်။
"ခင်ဗျား ဘာလို့ ဦးမြင့်ကို ပြန်လွှတ်လိုက်ပြီး တစ်ယောက်ထဲ ပြန်လာတာလဲ ဒေါ်မြတ်ဖူးငုံ"
မြတ် မကြားသလို ပုံစံဖြင့် သူကို အရေးမလုပ်လေ စျာန် စိတ်တွေ ပို ပေါက်ကွဲချင်လာလေသည်။
"အမေ့"
"ဟာ ဘာလုပ်တာလဲ"
မြတ် ကို စွေ့ခနဲ့ ပွေ့ချီကာ အိပ်ယာပေါ် လှဲချလိုက်တာကြောင့် မြတ် လန့်ကာ အော်လိုက်မိလေသည်။
ခပ်စူးစူးထွက်ပေါ်လာသော သူမ အသံကြောင့် စျာန် ရိသိသိပြုံးလိုက်ပြီး
"ဒါတော့ ကြောက်တက်လား"
မြတ် ကုတ်ဖဲ့ချင်စရာ မျက်နှာထားဖြင့် မေးလာသော သူ အသံကြောင့်
"ကြောက်တာ မဟုတ်ဘူး မုန်းတာ"
ကြားလိုက်ရသော စကားတစ်ခွန်းကြောင့် စျာန် မျက်နှာကြီး အိုဇာသွားကာ
"ဘာရယ် မုန်းတယ် ဟုတ်လား"
"ဟုတ်တယ် မုန်းတယ်"
သူ ရင်ခွင်အောက် ရောက်နေသည့်ကိုပင် ပြန်စွာနေသော မြတ်ကြောင့် သူ မျက်နှာကို သူမ နှင့် နီးကပ်သွားရန် တိုးကပ်သွားပြီး
"ရပါတယ်၊ အဆင်ပြေပါတယ်၊ မုန်းပါ၊ ခင်ဗျား ကျုပ်ကို မုန်းတယ် တစ်ခါပြောတိုင်း၊ ခင်ဗျားကို ဒဏ်ခက်တဲ့ အနေနဲ့ ခင်ဗျား နှုတ်ခမ်းကို တစ်ခါနမ်းမယ်၊ မလုပ်ရဲဘူး မထင်နဲ့နော်၊ ကျုပ်က အချစ်နဲ့ ပတ်သတ်လာရင် ဘာကိုမှ မမှုဘူးဆိုတာ ခင်ဗျားသိ"
"အော် အော် အဲ့လိုလား"
"ခွပ်"
"အား"
"ဟာ "
"ခင်ဗျား"
စားပွဲခုံပေါ်မှ အလှပန်းအိုးလေးဖြင့် သူ ခေါင်းကို ရိုက်ချလိုက်ခြင်းပေ။ ပူထူသွားသော ခေါင်းကို စမ်းကြည့်လိုက်တော့ သွေးစတွေသာ စမ်းမိလေသည်။

YOU ARE READING
မ~~~မချစ်တဲ့မောင်
Romans"ငါတို့ ကွာရှင်းကြမယ်" "ဟာကွာ ခွပ်" "ဟင် သွေးတွေ" အနီးအနားတွင်ရှိနေသော အလှပန်းအိုးလေးဖြင့် သူ ခေါင်းကို သူကိုယ်တိုင် ရိုက်ချလိုက်ခြင်းပင်။ "ဒီမှာ ဒေါ်မြတ်ဖူးငုံ၊ ခင်ဗျား ပါးစပ်က နောက်တစ်ခါ ကျုပ်ကို ကွာရှင်းမယ်လို့ ပြောရဲပြောကြည့် ၊ ခင်ဗျားကို သတ်ပစ်...