Uni
"မ~~~မချစ်တဲ့မောင်"
🎀အပိုင်း ၁🎀
"မြတ် လက်မထပ်ချင်သေးဘူး မေမေ"
မြတ်ဖူးငုံ မိခင် စကားကြောင့် မျက်နှာကြီး ဆူပုတ်ကာ ငြင်းမိလေသည်။
"မြတ်ဖူးငုံ ညည်းက ငါ့ စီစဥ်တာကို ငြင်းရဲတယ်ပေါ့"
ဒေါ်မြတ်ထား မျက်နှာထား တင်းတင်းဖြင့် မေးလေတော့ မြတ် မေမေ ကို တစ်ချက်ကြည့်ပြီး
"အဲ့လို မဟုတ်ပါဘူး မေမေ ၊ မြတ်က အိမ်ထောင်မပြုချင်သေးတာပါ၊ မြတ် အခုလိုလေးက နေသားကျလို့ပါ မေမေ"
"အင်း ခက်တော့ ခက်ပြီ မြတ်ဖူးငုံ၊ ယောကျာ်းမယူချင်ရအောင် ညည်းအသက်က ငယ်တော့တဲ့ အရွယ်လား ပြော"
"အဲ့လိုတော့ မဟုတ်ပါဘူး ၊ မြတ်က အပျိုကြီး လုပ်ချင်သေးတာ"
"အေး ညည်းက အပျိုကြီး လုပ်ချင်လဲ ငါက ခွင့်မပြုဘူး၊ ဒါပဲ ညည်း စျာန်ကို လက်ထပ်ရမယ်၊ ညည်း ငြင်းလို့ မရဘူး"
"ဟာ မေမေကတော့ လုပ်ပြီး"
မြတ် သိသည်။ မေမေက ပြောရင် ပြောသည့် အတိုင်းလုပ်တက်သူပင်။ ကိုယ့်က အပျိုကြီး ဘဝဖြင့် အရိုးထုတ်ချင်သော်လည်း မေမေ ၏ ဇွတ်အတင်း စီစဥ်မှုကြောင့် ယခုတော့ ယောကျာ်း ယူရတော့မည်။ သေသာ သေလိုက်ချင်ပါရဲ့ တကယ်ပဲ"
မြတ် စိတ်ပျက်လက်ပျက်ဖြင့် ခပ်တိုးတိုးလေး ညည်းမိလိုက်လေသည်။ ပြီးတော့ သူမ ယူရမည် ယောကျာ်းကလည်း စျာန်။ စျာန် ဆိုတာ မိမရှိ ၊ ဖမရှိ တစ်ကောင်ကြွက် လူငယ်တစ်ယောက်၊ အထင်ကြီးစရာ တစ်ကွက်မှ မရှိသည့် သူ၊ ဒီလူကို မေမေက ဘာကြောင့်များ မြတ် ရဲ့ အိမ်ထောင်ဖက်အဖြစ် ရွေးပေးရပါလဲနော်။
မြတ် အနေဖြင့် စျာန် ဆိုသော ကောင်လေးကို တစ်စက်မှ ကြည့်မရပေ။
သူဖာသာ ဘာကြီးပဲ ဖြစ်နေနေ သူမ စိတ်မဝင်စားပေ။ စိတ်ဝင်စားစရာ အကြောင်းလဲ မရှိပေ။ မြတ် လိုချင်သည့် အိမ်ထောင်ဖက်က မြတ်ထက်အသက်ကြီးပြီး မြတ်လေးစားလောက်ရသည့် သူမျိုး။ စျာန် လို ငယ်ငယ်ရွယ်ရွယ် ချာတိတ်လေး မဟုတ်ပေ။
YOU ARE READING
မ~~~မချစ်တဲ့မောင်
Romance"ငါတို့ ကွာရှင်းကြမယ်" "ဟာကွာ ခွပ်" "ဟင် သွေးတွေ" အနီးအနားတွင်ရှိနေသော အလှပန်းအိုးလေးဖြင့် သူ ခေါင်းကို သူကိုယ်တိုင် ရိုက်ချလိုက်ခြင်းပင်။ "ဒီမှာ ဒေါ်မြတ်ဖူးငုံ၊ ခင်ဗျား ပါးစပ်က နောက်တစ်ခါ ကျုပ်ကို ကွာရှင်းမယ်လို့ ပြောရဲပြောကြည့် ၊ ခင်ဗျားကို သတ်ပစ်...