Uni
"မ~~~မချစ်တဲ့မောင်"
🎀အပိုင်း ၁၃🎀
နိုးနိုးသူ ဒေါသစိတ်ကြောင့် ဟိန်းထွက်လာရလေသည်။
"နေ နေပါဦး၊ ဘာတွေ ဖြစ်နေကြတာလဲ"
ဦးစောအောင် နားမလည်နိုင်စွာ ကြည့်ရင်း မေးလိုက်လေတော့
"ဘာဖြစ်ရမှာလဲ အစ်ကိုကြီး သမီးပေါ့ ၊ အိမ်ထောင်ရှိ ယောကျာ်းတစ်ယောက်ကို လိုက်နှောက်ယှက်နေလို့ အစ်ကိုကြီး၊ ပြီးတော့ အဲ့ဒီယောကျာ်းက တစ်ခြားသူ မဟုတ်ဘူး စျာန်"
"ဘာ စျာန်"
စျာန် ဆိုသည့်နှင့်ပင် ဦးစောအောင် လန့်နေရလေပြီ။
"ရည်ရွယ်ရာ နင် စျာန်ကို ဘာလို့ ပြသနာ သွားရှာရလဲ၊ နင် စျာန်အကြောင်းမသိဘဲနဲ့ ၊ ဒုက္ခပါပဲ၊နင် မွှေတဲ့ မီးက စျာန် နင်ကို မရမက စုံစမ်းတော့မှာ"
"စုံစမ်းတော့ ကောင်းတာပေါ့ သမီးနဲ့ ဦးစျာန်နဲ့ တွေ့ရမှာ ၊ ရင်ခုန်စရာကြီး အဟီး"
မျက်နှာပိုးမသတ်စွာ ပြောနေသော ရည်ရွယ်ရာကြောင့် ဦးစောအောင်နှင့် နိုးနိုး ဒေါသတွေ ဖြစ်လာရလေသည်။ မိဘရှေ့ထားပြီး မခန့်လေးစားလုပ်နေသည့် ပုံစံက အမှန်တကယ် ရိုက်သတ်ပစ်ချင်စရာပင်။
"ရည်ရွယ်ရာ နင်မှာ ကြိုက်စရာ ယောကျာ်း ဒီလောက်ရှားနေပြီလား ဟင်"
နိုးနိုး စိတ်ပျက်စွာ မေးလိုက်လေတော့ ရည်ရွယ်ရာ ပြန်ပြောလိုက်သည့်က
"ရှားတယ် တီတီလေး၊ ရည်ရွယ် နှလုံးသားကို အပိုင်သိမ်းသွားသူက ဦးစျာန်၊ ဦးစျာန် နဲ့ လက်ထပ်နိုင်ဖို့ ရည်ရွယ် ကြိုးစားမယ်"
ပြောင်းလဲပေး၍ ရတော့မည် မဟုတ်သော် ရည်ရွယ်ရာ စိတ်တွေကြောင့် နိုးနိုး စိတ်ပျက်သွားမိလေသည်။ စျာန် ကို မျက်နှာပူစွာနှင့်ပင် သူမ သွားတွေ့ရပေတော့မည်။
"စျာန်ရယ် ငါ နင်ကို တွေ့ရမှာတောင် တကယ်မျက်နှာပူတယ်ဟာ"
🎀🎀🎀"မိအေး မမမြတ် မူးလဲလို့ဆို"
မိအေး ဖုန်းဆက်ပြောလေတော့ အိမ်သို့ တရောသောပါး ပြန်လာသူက စျာန်။ မမ နှင့် ပတ်သတ်သည့် အသေးအဖွဲကိစ္စလေးက အစ သူ့အရမ်းစိတ်ပူတတ်တာ ဘယ်သူ သိမှာလဲ။
YOU ARE READING
မ~~~မချစ်တဲ့မောင်
Romance"ငါတို့ ကွာရှင်းကြမယ်" "ဟာကွာ ခွပ်" "ဟင် သွေးတွေ" အနီးအနားတွင်ရှိနေသော အလှပန်းအိုးလေးဖြင့် သူ ခေါင်းကို သူကိုယ်တိုင် ရိုက်ချလိုက်ခြင်းပင်။ "ဒီမှာ ဒေါ်မြတ်ဖူးငုံ၊ ခင်ဗျား ပါးစပ်က နောက်တစ်ခါ ကျုပ်ကို ကွာရှင်းမယ်လို့ ပြောရဲပြောကြည့် ၊ ခင်ဗျားကို သတ်ပစ်...