Uni
"မ~~~မချစ်တဲ့မောင်"
🎀အပိုင်း ၁၁🎀
"ငါတို့ ကွာရှင်းကြမယ်"
"ဟာကွာ ခွပ်"
"ဟင် သွေးတွေ"
အနီးအနားတွင်ရှိနေသော အလှပန်းအိုးလေးဖြင့် သူ ခေါင်းကို သူကိုယ်တိုင် ရိုက်ချလိုက်ခြင်းပင်။
"ဒီမှာ ဒေါ်မြတ်ဖူးငုံ၊ ခင်ဗျား ပါးစပ်က နောက်တစ်ခါ ကျုပ်ကို ကွာရှင်းမယ်လို့ ပြောရဲပြောကြည့် ၊ ခင်ဗျားကို သတ်ပစ်ပြီး၊ ကျုပ်လိုက်သေဖို့ ဝန်မလေးဘူးနော်၊ ကျုပ် ဆိုတဲ့ ကောင်ကို မလုပ်ရဲဘူး မထင်နဲ့၊ ခင်ဗျားကို ကျုပ် လက်ထပ်ခဲ့တာ ခင်ဗျားကို သိပ်ချစ်လို့၊ ကျုပ် ချစ်တဲ့ ခင်ဗျားကို ကျုပ် ဘယ်နည်းနဲ့မှ ကွာရှင်းမပေးနိုင်ဘူး၊ ခင်ဗျား ကျုပ်ရှေ့က ခြေတစ်လှမ်း ပြေးထွက်ဖို့ ကြိုးစားရင် ခင်ဗျားခြေထောက်တွေ ရိုက်ချိုးမယ်၊ ခင်ဗျား ကျုပ်ဘဝထဲက အပြီးအပိုင်ထွက်ပြေးမယ် ဆိုရင်တော့ ခင်ဗျားနဲ့ ကျုပ် အတူတူသေကြတာပေါ့"
"မင်း "
မြတ် ဆက်ပြောနိုင်စွမ်း မရှိအောင် စကားတွေ ဆွံ့အသွားရလေသည်။
သူကို ကြည့်မိတော့ တကယ်လုပ်မည် ပုံစံပင်။
"မင်း မင်းခေါင်းက သွေး သွေးတွေ"
သူ ခေါင်းက သွေးတွေကို လက်ဖြင့်ဖယ်ရှားလိုက်ပြီး
"ရတာခင်ဗျား အလုပ်မဟုတ်ဘူး၊ သွား ခင်ဗျားသွားတော့"
မြတ် နဖူးက သွေးတွေ စီးကျနေသော သူကို စိုးရိမ်စိတ်သဲ့သဲ့ဖြင့် ကြည့်ရင်း အပေါ်ထပ်သို့ တက်လာခဲ့လိုက်လေသည်။
"မင်း တကယ် ကောင်ဆိုးလေးပဲ"
မြတ် ရင်မောစွာသာ ရေရွတ်လိုက်မိလေသည်။
အဖြစ်အပျက်တွေက မြန်ဆန်သည်။ သူမကို သူ အမှန်တကယ် အဆုံးရှုံး မခံနိုင်ပေ။ မြတ်မြတ်နိုးနိုး ချစ်မိသည့် မိန်းမတစ်ယောက်ကို စွန့်လွှတ်ဖို့ ဆိုတာ အမှန်တကယ် မဖြစ်နိုင်ပေ။ အချစ်စစ် အချစ်မှန်နှင့် ချစ်ခဲ့သည့် မိန်းမ တစ်ယောက်ကို သူ အနေနှင့် ဘယ်လိုအနှောက်အယှက် အကြောင်းအမျိုးကြောင်းနှင့်မျှ လက်လွှတ်မခံနိုင်ပေ။
YOU ARE READING
မ~~~မချစ်တဲ့မောင်
Romance"ငါတို့ ကွာရှင်းကြမယ်" "ဟာကွာ ခွပ်" "ဟင် သွေးတွေ" အနီးအနားတွင်ရှိနေသော အလှပန်းအိုးလေးဖြင့် သူ ခေါင်းကို သူကိုယ်တိုင် ရိုက်ချလိုက်ခြင်းပင်။ "ဒီမှာ ဒေါ်မြတ်ဖူးငုံ၊ ခင်ဗျား ပါးစပ်က နောက်တစ်ခါ ကျုပ်ကို ကွာရှင်းမယ်လို့ ပြောရဲပြောကြည့် ၊ ခင်ဗျားကို သတ်ပစ်...