14 U/Z

700 20 0
                                    

Uni

"မ~~~မချစ်တဲ့မောင်"

🎀အပိုင်း ၁၄🎀

မြတ် မရှိသည့် အိမ်ကြီးက ခြောက်ကပ်လျှက်။ မြတ် ကလည်း သူမ မိခင်ထံ ပြန်ရောက်ကတည်းက သူသွားတွေ့ရင်ပင် အတွေ့မခံခဲ့ပေ။  တွေ့ချင်လွန်း၍ သွားသည့်ပင် မြတ် နှင့် မတွေ့ရလေဘဲ မြတ် ၏ မိခင် ဒေါ်မြတ်ထားနှင့်ပင် တွေ့ခဲ့ရလေသည်။

"သားတို့ ဘာဖြစ်ကြလဲတော့ အမေ မသိဘူး သားရယ်၊ ဒါပေမယ့် အခုချိန်မှာ ကိုယ်ဝန်ဆောင်မိခင်ဖြစ်တဲ့ သမီးလေး စိတ်ချမ်းသာအောင်တော့ ခဏလွှတ်ထားပေးလိုက်ပါ၊ အမေ လဲ သားတို့ နှစ်ယောက်ကို အခုလိုတွေ့နေ မြင်နေရတာ တကယ်စိတ်မချမ်းသာပါဘူးကွယ်"

သူ ဒေါ်မြတ်ထားကို တွေတွေကြီး ကြည့်ပြီး

"ကျွန်တော်အဖြစ်က ကိုယ့်မိန်းမကိုတောင် တွေ့ခွင့်မရတဲ့ အဖြစ်ပါ၊ မမမြတ်ကို ပြောလိုက်ပါ၊ ကျွန်တော် ပြန်လာခဲ့မယ်၊ ဒီတစ်ခါ ပြန်လာခဲ့ရင်တော့ ကျွန်တော်ကို လက်ခံတွေ့ပေးဖို့ ပြောပေးပါ"

"အေးပါ သားရယ်"

"ဒါဆို ကျွန်တော် ပြန်လိုက်ပါဦးမယ်"

"အေး အေး ကောင်းကောင်းသွားနော်"

"ဟုတ်ကဲ့"

စျာန် လေးတွဲသော ခြေလှမ်းများဖြင့် အိမ်ထဲမှ ပြန်ထွက်လာခဲ့လိုက်လေသည်။  ကားဆီရောက်လေတော့ သူမ အခန်းဆီ ကြည့်မိတော့  လိုက်ကာစကို ကွယ်ကာ သူအားကြည့်နေသော မြတ်ကို အမှတ်မထင် တွေ့လိုက်ရလေသည်။

သူမ ကို ငေးကြည့်နေရင်း သူ စိတ်မကောင်းဖြစ်မိသည့် အထိပင်။ အရင်က ပြည့်ဖောင်းဖောင်း မျက်နှာလေးက အခုတော့ ချောင်ကျသွားသယောင်။ သူမ သူကို မြင်သွားသည့် ထင်သည်။ လိုက်ကာစကို ပြန်ဆွဲပိတ်လိုက်သည့်ကို တွေ့လိုက်ရလေသည်။

သူ ခဏမျှ ငေးမောကြည့်ပြီး သက်မနွေးနွေးကို  ရှိုက်ကာ လှည့်ထွက်လာခဲ့လိုက်လေသည်။

"ဒါတွေ အားလုံးက မင်းကြောင့် ဖြစ်တာ ရည်ရွယ်ရာ ၊ မင်း ငါအကြောင်း ကောင်းကောင်းသိစေရမယ်"

ဒေါသစိတ် ခံပြင်စိတ်တို့နှင့် အတူ ကားစီယာတိုင်ကို ထုရိုက်မိသည့် အထိပင်။ 
                        🎀🎀🎀

မ~~~မချစ်တဲ့မောင်Where stories live. Discover now