Uni
"မ~~~မချစ်တဲ့မောင်"
🎀အပိုင်း ၃🎀
"အာ ဘာလုပ်တာလဲ"
အိပ်မပျော်တပျော် ဖြစ်နေချိန် သူမ ခန္ဓာကိုယ်ပေါ် ရောက်လာသော လက်တစ်စုံကြောင့် စူးစူးရဲရဲ ထအော်လိုက်လေသည်။
"ဘာဖြစ်တာလဲ ဗျာ "
စျာန် အမေးကြောင့် သူမ လူးလဲထပြီး
"နင် နင် လက်က "
သိုင်းဖက်လာသော သူလက်ကို လက်ညှိုးထိုးကာ ပြောလာသော မမကြောင့် စျာန် မခို့တရို့ ပြုံးရင်း
"အိပ်မယ်လေ"
"ဘာ!"
"အား! ခင်ဗျား ကျုပ်လက်ကို ဘာလို့ ကိုက်တာလဲ"
သွားချွန်ချွန်လေးတွေဖြင့် သိုင်းဖက်ထားသော သူလက်ကို ကုန်းကိုက်လိုက်သဖြင့် စျာန် မျက်နှာကြီး ရှုံ့မဲ့ကာ အော်လိုက်မိလေသည်။
"ဘာဖြစ်ရမှာလဲ နင် ဘာလို့ ငါ့ကို လာဖက်တာလဲ၊ ခြေကျူး လက်ကျူး လုပ်မလာနဲ့ အသက်နဲ့ လဲပစ်မယ်"
မျက်စောင်းဝံ့ကာ ဒေါသမာန်ချီ ပြောလာသော သူမကြောင့် သူ စချင်လာကာ
"ခင်ဗျားနဲ့ ကျုပ်က လင်မယားနော်"
"အာ ဘာလင်မယားလဲ ၊ လူ ညစ်ပတ် ၊ အဲ့စကား အခါခါ မပြောနဲ့"
မြတ် မျက်နှာလေး နီရဲကာ ရှက်သွေးဖြန်းနေသည့်ကို သူ သိလေ ပိုစချင်လေ။
"ပြောမှာပဲ လင်မယား၊ လင်မယား"
"ဒီကောင်"
"ကဲဟာ"
"ဟာ ခင်ဗျား"
ဖတ်လုံးကို ယူကာ သူကို ကောက်ရိုက်လေသော မြတ်ကြောင့် သူ မြတ်၏ ရိုက်လာသော ဖတ်လုံးကို လက်ဖြင့်ကာရင်း
"ခင်ဗျားဗျာ"
"နင် ငါကို ဘာလို့ ရိသိသိ လုပ်နေသေးလဲ ပြော"
"အို နင်"
"ဟား ဟား ဟား"
(အကြံဆိုးရယ်သံကြီးနက်😅😅😅)
သူမကို ဆွဲဖက်ကာ အိပ်ယာပေါ် လဲချလိုက်လေရာ
"ဖယ် ဖယ် လွှတ်"
YOU ARE READING
မ~~~မချစ်တဲ့မောင်
Romance"ငါတို့ ကွာရှင်းကြမယ်" "ဟာကွာ ခွပ်" "ဟင် သွေးတွေ" အနီးအနားတွင်ရှိနေသော အလှပန်းအိုးလေးဖြင့် သူ ခေါင်းကို သူကိုယ်တိုင် ရိုက်ချလိုက်ခြင်းပင်။ "ဒီမှာ ဒေါ်မြတ်ဖူးငုံ၊ ခင်ဗျား ပါးစပ်က နောက်တစ်ခါ ကျုပ်ကို ကွာရှင်းမယ်လို့ ပြောရဲပြောကြည့် ၊ ခင်ဗျားကို သတ်ပစ်...