15 (End) U/Z

2K 34 0
                                    

Uni

"မ~~~မချစ်တဲ့မောင်"

🎀အပိုင်း ၁၅(ဇာတ်သိမ်း)🎀

အိမ်ထဲသို့ လှမ်းဝင်လာသော လူများကြောင့် ဒေါ်မြတ်ထား အံ့သြသွားရလေသည်။

"စျာန် သူ သူတို့က"

ဒေါ်မြတ်ထား စျာန်အား ကြည့်ပြီး မေးလိုက်လေတော့ စျာန်  ရည်ရွယ်ရာ နှင့် ဦးစောအောင် အား ကြည့်ကာ ပြုံးလိုက်ပြီး

"အပြစ်ရှိတဲ့ သူက ကိုယ့်လုပ်ခဲ့တဲ့ အပြစ်အတွက် ပြန်တောင်းပန်ရမှာပေါ့၊ ဒါနဲ့ မမမြတ်ရော"

"အပေါ် သူ့ အခန်းထဲမှာ"

"ခင်ဗျားတို့ ဒီမှာ ခဏနေကြဦး"

စျာန် ၏ သွက်လတ်သော ခြေလှမ်းများက မြတ်ရှိရာသို့~~~။  အခန်းတံခါးအား လက်လှမ်းလိုက်သည့်နှင့် သူ ရင်ခုန်သံတွေက နုပျိုလတ်ဆတ်စွာ ထွက်ပေါ်လာရလေသည်။ သူ နှုတ်ခမ်းကို တွန့်ရုံပြုံးလိုက်ပြီး

"ဒေါက် ဒေါက် ဒေါက်"

"ဂျောက်"

"ဟင် စျာန်"

ပြီတီတီ အပြုံးဖြင့် အခန်းရှေ့ရပ်နေသူက စျာန်။ မြတ် ထင်မှတ်မထားစွာ စျာန်ကို တွေ့လိုက်ရသဖြင့် အံ့သြမှုတွေနှင့် အတူ ရင်ထဲက ဝမ်းနည်းမှုတွေ လှိုက်တက်လာရလေသည်။

"နင် နင် ဘာလာလုပ်တာလဲ"

"အဟွန့်"

စျာန် နှုတ်ခမ်းလေးတွန့်ရုံပြုံးကာ အခန်းထဲလှမ်းဝင်ခဲ့လေရာ သူမ ခန္ဓာကိုယ်လေး အနောက်သို့ တဖြည်းဖြည်းတိုးဆုတ်သွားရသည့် အထိပင်။

"စျာန် နင်"

"အမေ့ "

သူမ ခန္ဓာကိုယ်လေး နရံနှင့် ကျောထိကပ်သွားလေမှ

"လွမ်းလိုက်ရတာ မိန်းမရာ"

"ဘာ မိန်းမလဲ၊ အရူးကောင်"

ရီဝေ ရွှန်းလဲ့နေသော သူ မျက်ဝန်းအကြည့်တွေက သူမထံရောက်လာကာ 

"မောင်က ဘာရူးနေလို့လဲ မရဲ့၊ မောင် တကယ် ရူးတာဆိုရင် မ ကို ချစ်လွန်းလို့ ရူးတာပါဗျာ"

သူ့ အကြည့်တွေကို မြတ် မျက်နှာလွှဲလိုက်ပြီး

"အပိုတွေ မပြောနဲ့ အောက်မှာ နင်ကောင်မလေး ပါတယ်မဟုတ်လား"

မ~~~မချစ်တဲ့မောင်Where stories live. Discover now