Uni
"မ~~~မချစ်တဲ့မောင်"
🎀အပိုင်း ၅🎀
မနက်ခင်း အလင်းရောင်၏ အောက်တွင် မြတ် အိပ်ယာနိုးလာရလေသည်။ မြတ် မျက်လုံးတွေ ပွင့်တော့ မြတ်ကို လှဲနေရာမှ လက်ထောက်ကာ ကြည့်နေသော စျာန် ၏ အမြင်ကပ်စရာ မျက်နှာကို တွေ့လိုက်ရလေသည်။
"နင် နင် ဘာကြည့်နေတာလဲ"
မျက်ဝန်းတွေ ဝိုင်းစက်ကာ ရင်ဘက်က စောင်ကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ရင်း ပြူးကြောင်ကြောင်မေးလာသော သူမကို စချင်စိတ်ဖြင့်
"လှလို့ကြည့်တာ ဘာဖြစ်လဲ"
"မကြည့်နဲ့"
"မကြည့်စေချင်ရင် အလှတွေ သိပ်မပြင်နဲ့ ၊ အလှပြင်လို့ ကြည့်မိတာတော့ ကျုပ်လဲ မတက်နိုင်ဘူး"
"တောက်!"
အောက်နှုတ်ခမ်းကို အပေါ်သွားချွန်ချွန်လေးဖြင့် ဖိကိုက်ကာ ရွှန်းလဲ့ကော့ညွှတ်နေသော မျက်ဝန်းများဖြင့် သူကို ကြည့်ပြီး
"နင်ဟာလေ ဘယ်သောအခါမှ အချိုးကို မပြေဘူး ၊ နည်းနည်းလေး အရောဝင်မိတာနဲ့ အခွင့်အရေးယူဖို့ပဲ တွေးနေတယ် ၊ နင်ကို မုန်းတာ အဲ့လိုတွေကြောင့်"
"ခင်ဗျား မုန်းလည်း ကျုပ်က ချစ်တယ်"
"နေပါဦး ၊ အဲ့ဒီ ချစ်တယ် ဆိုတဲ့ စကားကို နင်ခဏ ခဏ ပြောနေတာ မမောသေးဘူးလား ဟင်၊ ပြီေးတော့ ဒီလောက်မိန်းမတွေ ပေါတာ ဘာလို့ ငါ့ကိုပဲ ချစ်တယ် ချစ်တယ် နဲ့ ပြောနေရတာလဲ၊ ငါ ဖြင့် နင်ကို ကြည့်ရင်း မောနေရော စျာန်ရယ်"
သူမ စကားကြောင့် စျာန် ပြုံးလိုက်ပြီး
"ခင်ဗျားကလည်း ချစ်တယ် ပြောတာ ခင်ဗျား အသားပဲ့ပါသွားလို့လား၊ ခင်ဗျား ပြောသလို ပြောကြေးဆို လောကမှာ မိန်းမတွေ အများကြီး ဒါပေမယ့် အဲ့မိန်းမတွေကို ကျုပ်မှ ချစ်လို့မရတာ၊ ဘာလို့လဲ သိလား၊ ကျုပ်ချစ်တဲ့ မိန်းမက ဒီကမ္ဘာမှာ ခင်ဗျားတစ်ယောက်ပဲ ရှိလို့ ဒေါ်မြတ်ဖူးငုံ"
"ပြောတိုင်း ယုံပြီး ခေါင်းငြိမ့်လက်ခံရမဲ့ အထဲမှာ မြတ်ဖူးငုံတို့ မပါဘူး"
YOU ARE READING
မ~~~မချစ်တဲ့မောင်
Romance"ငါတို့ ကွာရှင်းကြမယ်" "ဟာကွာ ခွပ်" "ဟင် သွေးတွေ" အနီးအနားတွင်ရှိနေသော အလှပန်းအိုးလေးဖြင့် သူ ခေါင်းကို သူကိုယ်တိုင် ရိုက်ချလိုက်ခြင်းပင်။ "ဒီမှာ ဒေါ်မြတ်ဖူးငုံ၊ ခင်ဗျား ပါးစပ်က နောက်တစ်ခါ ကျုပ်ကို ကွာရှင်းမယ်လို့ ပြောရဲပြောကြည့် ၊ ခင်ဗျားကို သတ်ပစ်...