10 U/Z

805 20 0
                                    

Uni

"မ~~~မချစ်တဲ့မောင်"

🎀အပိုင်း ၁၀🎀

"မ"

"ဟင်"

ပြတင်းပေါက်တွင် မတ်တပ်ရပ်နေသော မြတ် ပခုံးလေးကို သူဆုတ်ကိုင်ရင်း ခေါ်လိုက်လေတော့ မြတ် ပြုံးလိုက်ပြီး

"ဘာတွေချွဲဦးမလို့လား"

"အဟွန့်"

သူ သူမ ခါးသိမ်လေးကို တင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး

"ချွဲမလို့ မဟုတ်ဘူး၊ မောင်က မကို ချစ်ချင်တာ"

"ဟွန် ဘာတွေပြောနေမှန်းမသိဘူးစျာန် ၊ မင်းတော်တော်ဆိုး "

"အား မမ နာတယ်ဗျ"

သူ ဗိုက်ကို သူမလက်သွယ်သွယ်လေးဖြင့် လိမ်ဆွဲလိုက်ခြင်းပင်။

"မမကလည်း ချစ်တယ်ပြောတာကို"

"မင်းမှာ ငါနဲ့တွေ့ရင် အဲ့ဒီစကားပဲ ပြောစရာရှိတာလား စျာန်"

ဘုတောတောကာ မေးလိုက်သူက မြတ်ရယ်ပါ။ သူမ အမေးစကားကြောင့် သူ သွားတန်းလေး ပေါ်အောင်ပြုံးလိုက်ပြီး

"ကျွန်တော်က  မကို တွေ့ရင် မကို ချစ်တဲ့ အကြောင်းက လွှဲရင် ကျန်တာမပြောတတ်တာ ခက်တယ် ဗျ"

"တော်သေးတာပေါ့ ဒိတ်ဒိတ်ကျဲ စီးပွားရေး လုပ်ငန်းရှင်မို့လို့ပဲ၊ လမ်းဘေးက လမ်းသရဲဖြစ်နေရင် နင်က တကယ်မလွယ်မဲ့ ကောင်"

သူအား ပစ်ပစ်နှစ်နှစ် ဝေဖန်ပြောလိုက်သော မကြောင့်   သူ  ယဲ့ယဲ့လေး ပြုံးလိုက်ပြီး

"ကျွန်တော်က လမ်းသရဲဆိုရင်  မ  က လမ်းသရဲကောင်လေးရဲ့ ကြင်ယာဖက်ပေါ့"

"နင်ဟာလေ"

မြတ် နှုတ်ခမ်းဆူကာ သူကို မာန်လိုက်မိလေသည်။

တကယ်ပါ။ ကျွန်မ နှလုံးသားကို ဖဲ့ခြွေသွားသူ ဒီကောင်လေးက ကျွန်မ မချစ်ခဲ့သော်လည်း အခုတော့ ကျွန်မရဲ့ အိမ်ဦးနတ် သခင်ကြီး မဟုတ်ပါလား။
                        🎀🎀🎀

"ဟယ်လို အမိန့်ရှိပါရှင့်"

ရည်ရွယ် တစ်ဖက်မှ အမျိုးသမီးအသံကြားလိုက်ရသဖြင့် သဘောကျစွာ ပြုံးလိုက်ပြီး

မ~~~မချစ်တဲ့မောင်Where stories live. Discover now