Uni
🎀မ~~~မချစ်တဲ့မောင်🎀
🎀အပိုင်း ၈🎀
မြတ် တစ်ယောက် စျာန် အချစ်ကို လက်ခံလိုက်စဥ်ကတည်းက စျာန် ဆိုတာ သူမကို နဂိုကထက် သဲသဲလှုပ်ချစ်ပြလေတော့သည်။ သူမကို မျက်စိအောက်မှ အပျောက်မခံနိုင် ချစ်ပြလေ သူမ မှာနေရခက်လေပင်။ ကျောင်းပို့ ကျောင်းကြိုက အစ အလုပ်မအားသည့်ကြားမှ သူကိုယ်တိုင် အပင်ပန်းခံ ကြို/ပို့ လုပ်ပေးရှာလေသည်။
"စျာန် မပင်ပန်းဘူးလားဟင်"
သူမ အမေးစကားကြောင့် သူကားမောင်းနေရင်း သူမကို စောင်းငဲ့ကြည့်လိုက်ပြီး
"ခင်ဗျားနဲ့ ပတ်သတ်သမျှ အရာရာတိုင်းဟာ ကျွန်တော်အလုပ်ပဲ မပင်ပန်းဘူး"
"မင်း တို့ကို အရမ်းချစ်တာပဲလားဟင်"
"အဟွန့်"
သူမ စကားကြောင့် သူ ကားကို လမ်းဘေးတစ်နေရာတွင် ထိုးရပ်လိုက်ပြီး သူမ မျက်နှာလှလှလေးအား စူးစူးရှရှကြည့်လိုက်ပြီး
"သိပ်ချစ်တာပဲလားဆိုတော့ ၊ သိပ်ချစ်တာထက်ပိုတယ်၊ ကျွန်တော်က ခင်ဗျားလေးကို ရင်ဘက်ကြီးနဲ့ မဆံ့အောင် ချစ်တာ ၊ ခင်ဗျားသိလား"
"စျာန်ရယ်"
တကယ်ပါ သူမ ပိုင်ဆိုင်ခဲ့သော် ယောကျာ်းသည် သူမအား မထင်မှတ်ထားလောက်အောင် ချစ်ပြနိုင်သူပင်။ သူ ချစ်ခြင်းများဖြင့် သူမ ဘဝကို လွန်စွာနွေးထွေး လုံခြုံစေသည်။ သူမ နှုတ်မှ မည်မျှပင် မချစ်ခဲ့ပါဟု ကြွေးကြော်ခဲ့ပါစေ။ အမှန်တကယ် ထို ကောင်ဆိုးလေးရဲ့ ချစ်ခြင်းတွေ အောက်မှာ ကျရှုံးခဲ့ခြင်းက ပြောဖွယ်ရာမရှိပေ။
သူမ လောဘကြီးသည့်ပင်ပြောပြော ။ သူ၏ အချစ်က သူမ တစ်ဦးတည်း အတွက် သီးသန့်ဖြစ်စေချင်ခဲ့သည့်က သူမ၏ အတ္တစိတ်ပင်။
🎀🎀🎀"မေရီ ဟိုဘဲကြီးက တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ဟာ ချစ်ချင်စရာကြီး"
လေဆိပ်မှာ တွေ့လိုက်ရလေသော လူကြီးက ရည်ရွယ်ရာ ဆိုသော ဆယ်ကျော်သက်အရွယ် ကောင်မလေး၏ နှလုံးသားရေပြင်ကို လှုပ်ခါသွားလောက်အောင် ညှို့ယူဖမ်းစားသွားသည့်ကို ရည်ရွည်ရာ သာသိလိုက်လေသည်။
YOU ARE READING
မ~~~မချစ်တဲ့မောင်
Romance"ငါတို့ ကွာရှင်းကြမယ်" "ဟာကွာ ခွပ်" "ဟင် သွေးတွေ" အနီးအနားတွင်ရှိနေသော အလှပန်းအိုးလေးဖြင့် သူ ခေါင်းကို သူကိုယ်တိုင် ရိုက်ချလိုက်ခြင်းပင်။ "ဒီမှာ ဒေါ်မြတ်ဖူးငုံ၊ ခင်ဗျား ပါးစပ်က နောက်တစ်ခါ ကျုပ်ကို ကွာရှင်းမယ်လို့ ပြောရဲပြောကြည့် ၊ ခင်ဗျားကို သတ်ပစ်...