9 U/Z

1.3K 38 0
                                    

Uni

🎀အပိုင်း ၉🎀

"ကျွီ "

ကားရပ်သံနှင့် အတူ ကားပေါ်မှ ဆင်းလာသော စျာန်ကို တွေ့လိုက်ရသဖြင့် မြတ် နှုတ်ခမ်းကို အလိုလိုမဲ့လိုက်မိလေသည်။

"စောင့်နေရတာ ကြာသွားပြီလား"

မအီမလည် မျက်နှာထားဖြင့် မေးလာသော စျာန်ကြောင့်  မြတ် စိတ်တိုတိုဖြင့် ဘုတောတောပြောမိသည့် အထိပင်။

"အချိန်လဲ ကြည့်ဦး ဘယ်အချိန်ရှိနေပြီလဲ၊ သိပ်မပြောချင်ဘူးနော် စျာန်၊ အလိုက်အထိုက်ဆက်ဆံပေးလို့ မရောင့်တက်နဲ့"

ကလေးဆန်ဆန် စိတ်ကောက်ပြနေသော သူမကြောင့် စျာန် သွားတန်းလေးပေါ်အောင် ပြုံးလိုက်ပြီး

"မောင် မမက မောင်ကို စိတ်ကောက်နေတာရယ်၊ စိတ်မကောက်ပါနဲ့ မမရယ်၊ စိတ်ဆိုးနေရင်လည်း စိတ်ကောက်ပြေပါကွာ၊ နိုင်ငံခြားဧည့်သည်တွေ ရောက်လာတာနဲ့ မောင် နည်းနည်းအလုပ်ရှုပ်သွားလို့ မ ကို လာကြိုတာ နောက်ကျသွားတာပါကွာ"

"စကားလုံးတွေနဲ့ ချွေးသိပ်မနေနဲ့ ပြန်မယ်"

"ဒုန်း"

တံခါးဆောင့်ပိတ်သံနှင့် အတူ ကားထဲဝင်သွားသူက  ကလေးဆန်လွန်းသူ သူ ရဲ့ ချစ်လှစွာသော မမပင်။ တကယ်ပင် ကလေးဆန်လွန်းသူလေးပင်။ သူထက် အသက်ကြီးနေ၍ ရင့်ကျက်မည် ထင်သော်လည်း မရင့်ကျက်သည့် အပြင် ကလေးဆန်လွန်းနေပြန်ပါသည်။

တော်သေးသည် အသက်အရွယ်အားဖြင့် ၃၀ ကျော်နေ၍ သာပင်။ သူထက်သာ ငယ်ရွယ်နေလျှင်တော့ ထိန်း၍ပင် နိုင်မည်သူ မဟုတ်ပေ။

ကိုယ့်အတွေးနှင့် တူ သွားတန်းလေးပေါ်အောင် ပြုံးလိုက်မိသည့် အထိပင်။
                      🎀🎀🎀

ည ၁၂ နာရီလောက် ဖုန်းမြည်သံကြားလိုက်ရသဖြင့် စျာန် အိပ်ယာဘေးမှ ဖုန်းကို လှမ်းယူကာ ကြည့်လိုက်တော့ နံပါတ်စိမ်း တစ်ခုပင်။

"ဟယ်လို"

"ဦးစျာန်လား ဟင်"

တစ်ဖက်မှ မိန်းကလေးအသံကြောင့် စျာန် မျက်ခုံးကို ပင့်လိုက်ပြီး

မ~~~မချစ်တဲ့မောင်Where stories live. Discover now