Uni
"မ~~~မချစ်တဲ့မောင်"
🎀အပိုင်း ၂🎀
"ဘာလို့ မျက်နှာကြီး ဆူနေရတာလဲဗျာ"
အလှပြင်ရင်း မျက်နှာဆူနေသော မြတ်ကို စျာန် မေးလိုက်ခြင်းပင်။ ကျက်သရေရှိလှသော ထိုင်မသိမ်း သတိုးသမီး ဝတ်စုံလေးဖြင့် ပျိုမြစ်နုနယ်သော သူမ၏ အလှများက မြင်ရသူငေးလောက်စရာပင်။ အသက် ၃၀ ကျော် အရွယ်သာ ပြောသည် ၁၀ ကျော်သက် အပျိုဖြန်းလေးတွေ လုံးဝ အရှုံးပေးရမည့် အလှမျိုး။ စျာန် ရင်ခုန်သံတွေ နှိုးဆွနိုင်လွန်းသည့် တစ်ဦးတည်းသော အမျိုးသမီး။ စျာန် ရင်ခုန်သံတွေကို အသက်သွင်းပေးသည့် အမျိုးသမီး။ ချစ်သည်။ နှလုံးသားနှင့် ထပ်တူချစ်ရသည့် အမျိုးသမီး။ ထိုအမျိုးသမီးကို ချစ်သည့် ချစ်ခြင်းများသည် ပြောင်းလဲသွားဖွယ်ရာ မရှိတော့ပေ။
"ပြောလေ မင်္ဂလာယူရမဲ့ အချိန် ဘာလို့ မျက်နှာကြီး ဆူထားရတာလဲလို့"
စူးရဲတောက်ပလှသော သူမ အကြည့်များ သူထံ ရောက်လာကာ
"မင်းကလေ ငါ ဆန္ဒမပါဘဲ ဒီလက်ထပ်ပွဲကို အတင်းအဓမ္မ စီစဥ်ရတာ အတော်ပျော်နေတယ်ပေါ့"
"အဟွန့်"
စျာန် ထက် ၅နှစ်များတောင် အသက်ကြီးသည့် သူမကို စျာန် ချစ်မိသည့်က ဘယ်လို အနေအထားပဲ ဖြစ်ဖြစ် ပြောင်းလဲသွားမည့် ချစ်ခြင်းမျိုး မဟုတ်တော့ပေ။
ချစ်သည်။ နှလုံးသားနှင့် ထပ်တူညီစွာပင်။
"မင်းကို မေးနေတယ်လေ"
မြတ် ၏ ခပ်စူးစူး အသံလေးထွက်လာလေမှ သူမျက်နှာ ချောချောကြီး သူမ အနားတိုးကပ်လာကာ
"ပျော်တာပေါ့ ၊ ကျုပ်က ခင်ဗျားကို သိပ်ချစ်တာကို"
"အရူးကောင်"
မျက်နှာကြီးက ကုတ်ဖဲ့ချင်စရာ ကောင်းလှလေသည်။
"အဲ့ဒါ ခင်ဗျားကို ချစ်လို့ရူးတာ"
တောက်~~~ဘယ်လိုကောင်မှန်းမသိ ။ အနီးမှာ လူရှိနေသည့်ကိုပင် မြင်ပုံကြားပုံ မပေါ်။ မြတ် ရှက်နှာဝဲဝဲဖြင့် ဘေးကို ကြည့်လိုက်ပြီး
YOU ARE READING
မ~~~မချစ်တဲ့မောင်
Romance"ငါတို့ ကွာရှင်းကြမယ်" "ဟာကွာ ခွပ်" "ဟင် သွေးတွေ" အနီးအနားတွင်ရှိနေသော အလှပန်းအိုးလေးဖြင့် သူ ခေါင်းကို သူကိုယ်တိုင် ရိုက်ချလိုက်ခြင်းပင်။ "ဒီမှာ ဒေါ်မြတ်ဖူးငုံ၊ ခင်ဗျား ပါးစပ်က နောက်တစ်ခါ ကျုပ်ကို ကွာရှင်းမယ်လို့ ပြောရဲပြောကြည့် ၊ ခင်ဗျားကို သတ်ပစ်...