Uni
🎀မ~~~မချစ်တဲ့မောင်🎀
🎀အပိုင်း ၆🎀
"မြတ်က အရမ်းလှနေပါလား"
မြတ် တစ်ယောက် ကျော်မိုးဝေ ချိန်းထားသော ဆိုင်သို့ ရောက်လာခဲ့လေသည်။ မြတ် သူအရှေ့ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး
"ကိုကျော်ကတော့ မြတ်ကို မြှောက်နေပြန်ပြီ"
"မြှောက်တာ မဟုတ်ဘူး တကယ်ပြောတာ မြတ် အရမ်းလှတယ်"
ရွှန်းရွှန်းစားစားကြည့်ရင်း ပြောလာသော သူမျက်ဝန်း အကြည့်တွေက စိတ်မလုံစရာ ဖြစ်လာလေပြီ။ မြတ် လာမိတာ မှားပြီလား ဟူသော အသိကြောင့် ကျောပြင် ပြည့်ပြည့်လေးပင် သိမ့်တုန်သွားရလေတော့သည်။
မြတ် ကိုယ့်ကိုယ်ကို ကိုယ်ရှိန်သက်ပြီး နှုတ်ခမ်းပါးလေးတွင် အပြုံးလေးတစ်ပွင့် ဖန်ဆင်းလိုက်ကာ
"ကဲပါ မတွေ့တာကြာပြီ ဖြစ်တဲ့ မိတ်ဆွေတွေ ပြန်တွေ့ရတာ ဆိုတော့ ဘာစားချင်လဲ စားလေ၊ မြတ်ဧည့်ခံပါမယ်"
ကျော်မိုးဝေ တစ်ယောက် မြတ်ကို စူးစူးရှရှကြည့်ပြီး
"ကိုယ့်က မြတ် မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ချင်လို့ မြတ်ကို ဒီနေရာ ချိန်းလိုက်တာ"
သူ စကားအသွားအလာ မူမမှန်သည့်ကို မြတ် သတိထားမိလာလေတော့ မြတ် သက်မနွေးနွေးကို ရှိုက်ပြီး
"အခုချိန်မှာ မြတ်က ကိုကျော် ထင်သလို အပျိုတစ်ယောက် မဟုတ်တော့ဘူးနော်၊ မြတ်က အိမ်ထောင်သည် ဖြစ်နေပြီ"
မြတ် စကားကြောင့် ကျော်မိုးဝေ နှုတ်ခမ်းကို မဲ့လိုက်ပြီး
"မြတ် လက်ထပ်သွားတယ် ဆိုတာ ကိုယ် သိပါတယ်၊ မြတ် လက်ထပ်လိုက်တဲ့ ကောင်လေးက မြတ် နဲ့ အသက် ၅နှစ်လောက်ကွာတဲ့ စျာန် ဆိုတဲ့ ချာတိတ်ဆိုတာလဲ သိထားတယ်၊ မြတ် အနေနဲ့ ဒီချာတိတ်ကို စိတ်မဝင်စားဘူး ဆိုတာလဲ ကိုယ်သိထားတယ်"
"အဟွန့်"
မြတ် အနည်းငယ် နှုတ်ခမ်းတွန့်ရုံပြုံးလိုက်ပြီး
"အခုချိန်မှာ စျာန်က ချာတိတ်လေး မဟုတ်ဘူးဆိုတာတော့ ရှင် သိသင့်တယ်၊ စျာန်က မြန်မာပြည်ရဲ့ ဒိတ်ဒိတ်ကျဲစီးပွားရေး လုပ်ငန်းရှင်တစ်ဦး ဆိုတာသိရင် ရှင်ရဲ့ စျာန် အပေါ် သုံးနှုန်းထားတဲ့ ချာတိတ်ဆိုတဲ့ အသုံးအနှုန်းကို ပြင်ပေးပါ"
YOU ARE READING
မ~~~မချစ်တဲ့မောင်
Romance"ငါတို့ ကွာရှင်းကြမယ်" "ဟာကွာ ခွပ်" "ဟင် သွေးတွေ" အနီးအနားတွင်ရှိနေသော အလှပန်းအိုးလေးဖြင့် သူ ခေါင်းကို သူကိုယ်တိုင် ရိုက်ချလိုက်ခြင်းပင်။ "ဒီမှာ ဒေါ်မြတ်ဖူးငုံ၊ ခင်ဗျား ပါးစပ်က နောက်တစ်ခါ ကျုပ်ကို ကွာရှင်းမယ်လို့ ပြောရဲပြောကြည့် ၊ ခင်ဗျားကို သတ်ပစ်...