7 U/Z

876 26 0
                                    

Uni

"မ~~~~မချစ်တဲ့မောင်"

🎀အပိုင်း ၇🎀

"ခင်ဗျား ဘာစားပြီးပြီလဲ"

အိမ်ရှေ့ဧည့်ခန်းတွင် tv မှ လွှင့်နေသော ကိုရီးယားဇာတ်လမ်းတွဲ ထိုင်ကြည့်နေသော မြတ် အနားတွင် ထိုင်ကာ စျာန် မေးလိုက်မိလေသည်။

မြတ် သက်မနွေးနွေးလေး ရှိုက်ရင်း

"မစားချင်ဘူး၊ စားချင်စိတ်လဲ မရှိဘူး"

ညိုးနွမ်းနေသော မျက်နှာလေးအား သူတစ်ချက်ကြည့်ပြီး

"ဘာဖြစ်နေတာလဲ ၊ ခင်ဗျား နေမကောင်းဘူးလို့ မအေးပြောတယ်၊ ခင်ဗျား ဖျားနေတာလဲ"

နဖူးပေါ် လက်ဖြင့်စမ်းရင်း မေးလာသော သူကြောင့် သူမ အားယူပြုံးလိုက်ပြီး

"မဟုတ်ပါဘူး စိတ်အနှောက်အယှက်လေး နည်းနည်းရှိနေလို့"

"ဒါဆိုလဲ အစားလေးတော့ နည်းနည်းစား၊ ကျုပ် ကိုယ်တိုင် ခင်ဗျား စားချင်တာ လုပ်ကျွေးမယ်"

"တကယ်လားဟင်"

ရွှန်ပျသွားသော မြတ် ရဲ့ မျက်နှာလေးကြောင့်  သူ နှစ်ခြိုက်စွာ ပြုံးလိုက်ပြီး

"တကယ်ပြောတာပေါ့"

"အင်း အဲ့ဒါဆို နည်းနည်းစားမယ်"

"ok ခဏစောင့်"

သူမ အနားမှ ထထွက်သွားသော ကောင်လေးကြောင့် သူမ ပြုံးလိုက်မိလေ။ ဘယ်လောက်ပင် ကြည့်မရဘူး ဆိုပါစေ။ ထိုကောင်လေး၏ အပြောအဆိုလေးတွေကို တိတ်တိတ်လေး ကြွေနေမိသည့်ကို   ဘယ်သူသိမည်နည်း။

ခဏကြာတော့ သူ မီးဖိုဘက်မှ ပြန်ထွက်လာပြီး

"ထတော့ စားလို့ရပြီ"

"အို"

ရုတ်တရတ်ပွေ့ချီခံလိုက်ရသဖြင့် သူမ ခန္ဓာကိုယ်လေး သူလက်ထဲ ပါသွားရလေသည်။  ဒီတစ်ခါတော့ သူမ မရုန်းမိသလို သူ ကျောပြင်အား ပြန်လည်ဖတ်တွယ်လိုက်မိသည့် အထိပင်။
                          🎀🎀🎀

"စျာန်  မှာထားတဲ့ ပစ္စည်းနဲ့ dress ရပြီ"

စန္ဒီ ရုံးခန်းထဲဝင်လာကာ သူ ရှေ့စားပွဲပေါ်တွင်  အိတ်တစ်ခုကို တင်လိုက်လေသည်။

မ~~~မချစ်တဲ့မောင်Where stories live. Discover now