Uni
"မ~~~မချစ်တဲ့မောင်"
🎀အပိုင်း ၁၂🎀
မြတ် နှင့် စျာန် ဟိုအရင်ကထက် ဆက်ဆံရေးတွေ ကျဲလာသည့် သယောင်။ မြတ်ကလဲ သူကို အရေးမလုပ်သလို သူကလည်း သူမကို အရေးတယူ စကားမပြောဆိုမိကြပေ။ အိပ်ယာတစ်ခုထဲ အိပ်ကြသော်ငှါးလည်း ကျောပေးအိပ်ခဲ့ကြလေသည်။ တစ်ယောက်နှင့် တစ်ယောက် အခြေအတင်ပင် စကားမပြောမိကြပေ။
မြတ် အတွက် ကျောင်းအကြိုအပို့ကိုပင် သူမလုပ်လေတော့ဘဲ ရန်နိုင်ကိုပင် စေလွှတ်ခဲ့လေသည်။ သူကတော့ ရည်ရွယ်ရာ ဆိုသော အမျိုးသမီး၏ အကြောင်းကိုသာ အပူတပင်း စုံစမ်းနေတော့လေသည်။
မြတ် နှင့် စကားမပြောဘူး ဆိုသည့်က သူကို ကွာရှင်းခိုင်းမည့် စိုးသောကြောင့်ပင်။ သူသိပ်ချစ်ရသော မိန်းမတစ်ယောက် အထင်လွှဲသည့်ကို ခံစားနိုင်သော်လည်း တကယ်တမ်း ကွာရှင်းရမည့် ဆိုလျှင် ဆိုသော စိတ်က သူကို တုန်လှုပ်စေခြင်းကြောင့်ပင်။
"မအေး နင်မမ ပြန်ရောက်နေပြီ"
မီးဖိုထဲဝင်ကာ မိအေးကို မေးမိလေတော့ မိအေး သူကိုလှမ်းကြည့်ပြီး
"ပြန်ရောက်နေပြီ ဆရာ၊ အပေါ်မှာ"
"အော်အေး ရော့ ဒီမှာ ပန်းသီးဝယ်လာတယ်၊ အဲ့ဒါလေးခွဲပြီး နင် မမကို သွားပေးလိုက်"
"ဟုတ် ဟုတ် ဆရာ"
ပန်းသီးထုတ်လေး ပေးကာ စျာန် လှည့်ထွက်လာခဲ့လေတော့ မိအေး ဆရာကို ကြည့်ပြီး ပြုံးမိလေသည်။
ဆရာသည် မမမြတ်ကို အင်မတန်မှ ချစ်မြတ်နိုးသူပင်။ မမမြတ်အား စကားမပြောသော်ငှါးလည်း အရိပ်တကြည့်ကြည့်ဖြင့် မမမြတ် လိုအင်များကို ဖြည့်ဆည်းပေးနေသူပင်။
ဆရာလို ယောကျာ်းမျိုး၏ ချစ်ခင်မှုကို ရထားလေသော မမမြတ် အတွက် သိပ်ကို ကံကောင်းသည် ဟုပင် မိအေး ကောက်ချက်ချမိလေသည့် အထိပင်။
🎀🎀🎀"ဒေါက် ဒေါက် ဒေါက်"
တံခါးခေါက်သံကြောင့် မြတ်လေးတွဲသော ခြေလှမ်းများဖြင့် တံခါးလာဖွင့်ပေးတော့ မိအေး ဖြစ်နေလေသည်။

YOU ARE READING
မ~~~မချစ်တဲ့မောင်
Romance"ငါတို့ ကွာရှင်းကြမယ်" "ဟာကွာ ခွပ်" "ဟင် သွေးတွေ" အနီးအနားတွင်ရှိနေသော အလှပန်းအိုးလေးဖြင့် သူ ခေါင်းကို သူကိုယ်တိုင် ရိုက်ချလိုက်ခြင်းပင်။ "ဒီမှာ ဒေါ်မြတ်ဖူးငုံ၊ ခင်ဗျား ပါးစပ်က နောက်တစ်ခါ ကျုပ်ကို ကွာရှင်းမယ်လို့ ပြောရဲပြောကြည့် ၊ ခင်ဗျားကို သတ်ပစ်...