တောင်းတဲ့ဆုနဲ့ပြည့်ဝရစေသား...

363 28 3
                                    

ကျွန်တော်ရောက်ပြီး သိပ်မကြာပါဘူး၊ ကွန်ဗန်းရှင်းစင်တာထဲကနေ သူမ ထွက်လာပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောနေတဲ့ သူမရဲ့ ပုံစံလေးက မနေ့ညကလို ပေါ့ပေါ့ပါးပါးရယ်ပြုံးနေတဲ့ပုံစံ မဟုတ်တော့ဘဲ၊ မျက်နှာက ပြုံးတယ်ဆိုရုံ ပြုံးထားတဲ့ဣ‌န္ဒြေလေးနဲ့ပေါ့...

ကျွန်တော်ကြည့်နေတုန်းမှာပဲ သူမရဲ့ အကြည့်က ကျွန်တော့်ထံသို့ ရောက်လာပြီး နှုတ်ခမ်းများက သွားတန်းလေးပေါ်သည်အထိ နှစ်နှစ်ကာကာပြုံးသွားကာ ကျန်တဲ့သူတွေကို နှုတ်ဆက်လိုက်ပြီး ကားဆီ ခပ်သုတ်သုတ်လျှောက်လာပါတော့တယ်။

ကားပေါ်ရောက်တာနဲ့ ကျွန်တော့်လက်မောင်းကိုဖက်လို့မျက်နှာကပ်ခါ မှီတွယ်လိုက်ပြီး ချွဲပါတော့တယ်။

"ဟူးးး ပင်ပန်းလိုက်တာ ကိုရာ၊ တနေကုန် လူတွေကို ရှင်းပြလိုက်၊ ရီပြလိုက်နဲ့၊ ပါးတွေလည်းညောင်းနေတာပဲ...ပါးစပ်တောင် မဟချင်တော့ဘူး၊ တနေကုန် မတ်တပ်မတ်တပ်နဲ့ ခြေထောက်တွေလည်း ညောင်း၊ ဗိုက်တွေလည်း ဆာနေပြီ..."

"ဪ...ကိုယ့်အချစ်လေး ပင်ပန်းသွားပြီ၊ ကဲ ပြော.. ချစ် ဘာစားချင်လဲ..."

"အမ်းးးး ဒင်ဆမ်းစားချင်တယ်"

"အိုကေ...ဒါဆို ကို M3ကိုမောင်းလိုက်မယ်။ ဒါပေမယ့် ပြန်ခါနီးရင်တော့ မမေ့နဲ့"

အဆက်အစပ်မရှိ မမေ့နဲ့လို့ သူကသတိပေးတာမို့...
"ဟင် ဘာကို မမေ့ရမှာလဲ" ကျွန်မ ပြန်မေးလိုက်တော့၊ ကျွန်မရဲ့နှုတ်ခမ်းကို ခပ်စူးစူးစိုက်ကြည့်ရင်း မထိတထိလေးပြုံးပြီး သူကပြောတယ်...

"အချိုတည်းဖို့လေ...I'm your dessert babe.."

ကျွန်တော့် စကားကြောင့် သူမ မျက်ဝန်းတွေက နှုတ်ခမ်းတွေထက် အရင် ရီရွှင်သွားတယ်။ ပြီးတော့ သူမရဲ့ လက်ညှိုးလေးကို ကျွန်တော့်နဖူးမှာထောက်လို့ နှာတံတလျှောက်ထိကာဆွဲချလိုက်ပြီး နှုတ်ခမ်းတွေဆီသက်ဆင်းလာတယ်။

နှုတ်ခမ်းသားတွေကို လက်ထိပ်ကလေးနဲ့ အသာတို့ထိပြီးမှ ကျွန်တော့် ပုခုံးပေါ်မေးတင်လို့၊ နားရွက်မှာ နှုတ်ခမ်းသားတို့ထိကပ်ကာ ခပ်ဟဟနဲ့ အာငွေ့ပေးပြီး သူမ‌ ပြောလိုက်တာက...

Hello Darling....Where stories live. Discover now