Dangerous Question...

249 18 4
                                    

ဒီနေ့က မိုးလင်းကနေ မိုးချုပ်ထိ နှစ်ယောက်သား ပလန်အပြည့်နဲ့ ဒိတ်ဖို့ စီစဉ်ပြီးကာမှ၊ သူက ဖျားတယ်။ မနက်အစော လူကို လာကြိုတဲ့ သူ့ရဲ့ပုံစံက ခါတိုင်းလိုကြော့မော့သပ်ရပ်မနေဘဲ အနည်းငယ်ဖရိုဖရဲဖြစ်ကာ နွမ်းနယ်နေတာမို့၊ သူ့ရဲ့ နဖူးကို စမ်းကြည့်လိုက်တော့ အတော်လေး ပူခြစ်လို့...

အဲ့ဒါတောင် လျှောက်လည်မယ်ပဲ အတင်းပြောနေလို့၊ သူ့အခန်းကို လိုက်ခဲ့ပါ့မယ်၊ အိမ်မှာပဲ ဒိတ်ကြတာပေါ့ မနည်းပြောရတယ်။ ခုတော့ ဆေးသောက်ပြီး သိပ်မကြာဘူး အိပ်ပျော်သွားရှာပြီ။

သူအိပ်နေတုန်း နိုးလာရင် စားဖို့တစ်ခုခုလုပ်ပေးဖို့ ရေခဲသေတ္တာကို ဖွင့်ကြည့်လိုက်တော့၊ ကြက်ဥသုံးလေးလုံးရယ်၊ ဘီယာနှစ်ဗူး၊ ငံပြာရည်ကြော်ဗူးလေးနဲ့၊ ရေသန့်ဗူးတွေသာရှိတာမို့၊ online shopကနေပဲ ဝယ်ချင်တာတွေကို မှာလိုက်တော့တယ်။

ပြီးတော့ အခန်းထဲက ခုံပေါ်မှာတင်ထားတဲ့ အင်္ကျီတွေကလည်း လျှော်ထားပြီးပုံပေါ်ပေမယ့် မီးပူမထိုးရသေးတာမို့၊ delivery လာတာစောင့်ရင်းအဝတ်တွေကို အရင် မီးပူထိုးလိုက်တယ်။ သူ့မိသားစုက စင်ကာပူမှာပဲ အခြေချနေပြီဆိုတော့ ဒီမှာ သူတစ်ယောက်တည်း နေချင်သလို နေနေပုံပါပဲ။ ဒါပေမယ့် တစ်ယောက်တည်းနေတဲ့ ယောင်္ကျားလေးအခန်းက ဒီလောက် သန့်ပြန့်နေတာကိုပဲ စိတ်ထဲက အမှတ်ပေး‌လိုက်မိတယ်။

ကျွန်တော်က နေမကောင်းဖြစ်ခဲတယ်။ ဖြစ်ပြီဆိုရင်လည်း အသည်းအသန်။ မနက်ဖြန်ဆို သူမ ပြန်တော့မှာမို့၊ ဒီနေ့လေးကို တနေကုန် လျှောက်လည်မယ်လို့ အားခဲထားကာမှ၊ အလိုက်မသိတဲ့ အဖျားကဝင်လာတယ်။

ကျွန်တော့်ကို တစ်ယောက်တည်း စိတ်မချတာနဲ့၊ ကျွန်တော့်တိုက်ခန်းကို သူမ လိုက်လာခဲ့တယ်။ အခန်းပြန်ရောက်တာနဲ့ ဆေးတိုက်ပြီး ခုတင်ပေါ်လှဲကာ အနားယူခိုင်းတော့တာပဲ။
သူမကတော့ အဖျားသွေးကြောင့် အနည်းငယ် နီမြန်းနေတဲ့ ကျွန်တော့်ရဲ့မျက်နှာကိုပဲ မပြတ်တမ်းကြည့်ပြီး နဖူးပေါ်ရေပတ်ဝတ်တင်လိုက်၊ ချွေးသုတ်ပေးလိုက်နဲ့...

သူမရဲ့ အပြုစု အယုယတွေကိုခံယူရင်း ဆေးအရှိန်နဲ့ ကျွန်တော် အိပ်ပျော်သွားတာ၊ နိုးလို့ကြည့်လိုက်တော့ သူမက ကျွန်တော့်ဘေးမှာ စာအုပ်တအုပ်ဖတ်ရင်း ထိုင်စောင့်ပေးနေတယ်။ ခါတိုင်း နေမကောင်းဖြစ်ရင်တစ်ယောက်တည်း ဒူပေတာပေနေနေကြကျွန်တော်ဟာ၊ အခုတော့ သူမရဲ့ အယုအယတွေကြားမှာ နုနေမိပါတော့တယ်။ ကျွန်တော် လှဲနေရာက ထထိုင်လိုက်တော့...

Hello Darling....Where stories live. Discover now