နောက်နေတာလားလို့ သူမမျက်နှာလေးကို ကြည့်လိုက်တော့လည်း၊ တကယ်သိချင်နေတဲ့ရုပ်ကလေးမို့၊ ရှင်းပြရတော့သည်။
"ချစ်ပြောတဲ့ဟာတွေက flavour ပါတဲ့ဟာတွေ၊ ကို ဝယ်တာက regular လေ...။ flavour က oral sexအတွက်"
"အဲ့ဒါဆို flavour ပါတာတွေက ပုံမှန်ကွန်ဒုံးသုံးသလို သုံးလို့မရဘူးလား"
"ကိုယ်ကတော့ မသုံးသင့်ဘူးထင်တာပဲ၊ flavour ပါတဲ့ကွန်ဒုံးတွေက oral sexအတွက်ရည်ရွယ်ပြီးထုတ်ထားတာလေ။ ပြီးတော့ သူ့မှာက သကြားအလွှာအပေါ်ကအုပ်ထားတာမို့၊ ပုံမှန်ကွန်ဒုံးလိုသုံးမိရင် မိန်းမကိုယ်ရဲ့ pH level ကိုထိခိုက်စေပြီး၊ ပိုးဝင်တာမျိုး၊ယားယံတာမျိုးဖြစ်နိုင်တယ်...၊ ကဲ အစ်မကြီး နားလည်ပြီလား။ ကို ဘာလို့ အသီးပါတာကို မဝယ်သလဲဆိုတာ...
ချစ်လို့လေ ချစ်လို့...ဟောဒီ့က အစ်မကြီးကိုလည်း မထိခိုက်စေချင်သလို၊ အစ်မကြီးရဲ့ ညီမလေးကိုလည်း မထိခိုက်ရအောင်လို့ပါဗျား..."ဟုတ်လို့လားဆိုတဲ့ရုပ်လေးနဲ့ လူကိုကြည့်နေတာကြောင့် သူ့ပါးလေးကို ဖျစ်လိုက်ပြီး...
"ချစ်မယုံရင် ကို အခု သွားဝယ်လိုက်မယ်၊ ဘယ်လိုလဲ ဒီည ယှဉ်ကြည့်ကြမလား ဘာကွာလဲလို့..."
"ရတယ်၊ ရတယ်၊ ဒီအတိုင်းရှင်းပြလည်းရပါတယ်၊ လက်တွေ့ပြစရာမလိုဘူး။ အစ်ကိုက သိပ် မရှင်းပြချင်ရှာဘူးနော်..."
မသိလို့ မေးမိတာကို အကြံသမားကြီးက ပြုံးစိစိကြည့်ပြီး လူကိုစသွားသေးတယ်။ တရက်တော့ ချစ်ကြိုက်တဲ့အသီးပုံလေး ကိုဝယ်ထားပါ့မယ်တဲ့၊ သူတော်တော် နစ်နာနေအုန်းမယ်။
အိမ်ပြန်ရောက်တော့လည်း သူမမှာ ပြောစရာက မကုန်သေး။ ကျွန်တော့်ကိုယ်လုံးကို လူသားဆိုဖာလုပ်ပြီး ရင်ခွင်ထဲအကျအနဝင်ထိုင်ရင်း စကားတွေတတွတ်တွတ်ပြောနေတော့ ကျွန်တော့်မှာ သူ့ကိုယ်လေးကို အရုပ်ကလေးပိုက်သလိုပိုက်ထားပြီး နားထောင်ပေးရတာပေါ့။
"ကို သိလား...အဲ့တစ်ယောက်ကကွာ တကယ့်ရစ်လုံးပဲ... ရီပိုဒ့်တွေကို တို့ပေးခဲ့ရဲ့သားနဲ့၊ ဒီနေ့ ဖုန်းဆက်ပြီး ထပ်တောင်းနေတယ် သိလား..."