My curious girl...

375 22 6
                                    

သူပြန်သွားတိုင်း သူ့အသုံးအဆောင်ပစ္စည်း တစ်ခုနှစ်ခုလောက်က ကျန်ခဲ့တာလည်းရှိသလို၊ ချန်ခဲ့တာတွေလည်းရှိတော့ အခု‌ဆို ကျွန်မရဲ့အခန်းလေးမှာ သူ့အငွေ့အသက်တွေစပြီး လွှမ်းခြုံစပြုလာပြီ။

အရင်က ကျွန်မရဲ့ကိုယ်ပိုင်ကမ္ဘာငယ်လေးဟာ နေထိုင်သူအသစ်တိုးလာခဲ့ပြီမို့၊ သူပြန်သွားတဲ့နေ့တွေဆို အရင်လိုအသားမကျနိုင်တော့ဘဲ၊ လစ်ဟာခြင်းဒဏ်ကို နှလုံးသားက အပြင်းအထန်ခံစားတတ်လာပြီ။

"ကို့မျက်နှာသစ်ဆပ်ပြာ ကထားခဲ့တာလား.."

"ဟုတ်တယ်၊ အဲ့မှာသုံးဖို့ ထားခဲ့လိုက်တာ၊ ဒါနဲ့ ကိုယ့်ရဲ့ဟာလေး ချစ်တွေ့မိသေးလား.."

"ဘာလဲ၊ ဘာကျန်ခဲ့လို့လဲ..."

သူနဲ့ဗီဒီယိုကောပြောနေရင်းက အခန်းကို မျက်စိဝှေ့ကာကြည့်လိုက်တော့ ပါဝါဘမ့်ကိုခုံပေါ် မှာတင်ထားတာတွေ့တာမို့...ပါဝါဘမ့်ကျန်ခဲ့တာလား မေးမလို့ရှိသေး...

"နှလုံးသားလေးလေ...ကို့ နှလုံးသားလေး အဲ့မှာ ကျန်ခဲ့တယ်။ ခုဆို ရင်ဘတ်ထဲဟာတာတာနဲ့၊ ညည အိပ်လို့မရတော့ဘူး...ဘယ်လိုလုပ်ရမလဲ.."

ရင်ဘတ်ကို လက်နဲ့ဖိထားပြီး မူယာပိုနေတဲ့သူ့ကိုကြည့်ပြီး ရီမိရင်းက...

"အပိုတွေ...ညညအိပ်မပျော်ရင် ကော်ဖီလျှော့သောက်ပေါ့..."

နှစ်ယောက်သား ရီနေရာက၊ အကြည့်ချင်းစုံသွားကြတော့၊ ရီသံတွေကတိတ်သွားပြီး၊ မျက်ဝန်းတွေမှာ အလွမ်းငွေ့တို့ဆိုင်းလာပြန်တယ်။ လူကို ခပ်ဆွေးဆွေးကြည့်နေရာက နှုတ်ခမ်းလေးလှုပ်ရုံ ပြောလိုက်တာက..

"လွမ်းတယ်..."

ကျွန်မ နှုတ်ကပြန်မပြောမိပေမယ့် အသည်းထဲကတော့ အကြိမ်ကြိမ်ပြောနေမိတယ်။ တို့ လည်းလွမ်းတယ်။

"ဪ...ဒါနဲ့ ဒီလ ကုန်ရင်၊ တို့ ရန်ကုန်လာရမယ်သိလား.."

လငပုတ်ဖမ်းထားရာက လွတ်သွားတဲ့လမင်းကြီးလို သူ့မျက်နှာက ထိန်ထိန်သာလို့..

"တကယ်လား...ဘယ်ရက်လဲပြော၊ ကိုယ်လာကြိုမယ်‌"

"ဟင့်အင်း လာမကြိုနဲ့၊ တို့ရောက်မယ့်အချိန်က ကို ရုံးတက်နေချိန်ဆိုတော့၊ ကိုယ့်ဟာကိုယ် လာခဲ့မယ်။ သော့လည်းရှိနေတာပဲဟာ..."

Hello Darling....Where stories live. Discover now